"ကနောင်" " Code အနုပညာ " အဖွဲ့
ရေးသားသူမှာ Administrator   
Sunday, 06 April 2008

 "ကနောင်"  ဟု သူတို့ကိုယ်သူတို့ အမည်ပေးထားသော အဖွဲ့တစ်ဖွဲ့ကို ယခုရက်ပိုင်း အတွင်း သတိထားမိ၏။ "ကနောင်" က သူတို့သည် ကဗျာဆရာ၊ ပန်းချီဆရာများကဲ့သို့ပင် အနုပညာသမားများ ဖြစ်ကြပါသည်ဟု ဆိုကြ၏။ ဘယ်အရာတွေနှင့် ဘာတွေကို လုပ်ကိုင်ဆောင်ရွက်နေခြင်းကြောင့် အနုပညာသမား များဟု နာမည်ခံကြပါသနည်း။

ဝဘ်ဒီဇိုင်း ပညာရပ်သည် လွန်စွာမှ နက်နဲသိမ်မွေ့လှ၏။ ၀ဘ်ဒီဇိုင်း တစ်ခုဖန်တီးခြင်းသည် ကဗျာတစ်ပုဒ် စပ်ဆိုခြင်းနှင့် အလားသဏ္ဍာန် တူသကဲ့သို့၊ ပန်းချီကားတစ်ချပ် စုတ်ချက်တင်သည့် ပမာလည်း တယုတယ မွေးမြူစိုက်ပျိုးအပ်သော အနုပညာတစ်ရပ် ဖြစ်သည်။

အထက်က စာသားများက သူတို့၏ အလုပ်အကိုင်ပေါ်တွင် ထားရှိသော ခံစားချက်နှင့် အယူအဆ။ ထိုနေရာတွင် Web Design သို့ Coding Art ဟု သုံးနှုံးထားခြင်းကို သတိထားမိသည်။ ဒါလည်း အမှန်ပင်ဖြစ်၏။ ပန်းချီကားတစ်ချပ်၏ လှပအသက်ဝင်မှု၊ လက်ရာမြောက်မှု တို့သည် ပန်းချီဆရာ တစ်ယောက်၏ လက်ထဲတွင် တည်ရှိသကဲ့သို့ Website (သို့) ကွန်ယက် စာမျက်နှာတစ်ခု၏ လှပသေသပ်ခြင်း၊ ဆွဲဆောင်မှုရှိခြင်း၊ စနစ်တကျ အလုပ်လုပ်ဆောင်မှု ရှိခြင်း၊ အခြေအနေ၊ အချိန်အခါများနှင့် လိုက်လျောညီထွေဖြစ်ခြင်း စသည်တို့သည် ထို ကွန်ယက်စာ မျက်နှာကို ရေးသားသူ၊ ဖန်တီးသူ တို့၏ လက်ထဲတွင် တည်ရှိနေသည် ဆိုခြင်းမှာ ယုံမှား သံသယဖြစ်ဖွယ်ရာ မရှိ။

နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Sunday, 06 April 2008 )
အပြည့်အစုံကို ...
 
ဝါ့ဒ်ပရက်စ် ရဲ့ အထင်ကရ မှတ်တိုင်သစ်
ရေးသားသူမှာ Administrator   
Wednesday, 12 May 2004

2.4 ကိုကျော် 2.5 ထွက်

2.4 Skipped, 2.5 Out!၀ါ့ဒ်ပရက်စ် ရဲ့ အထင်ကရ မှတ်တိုင်တစ်ခုဖြစ်လာမယ့် WordPress Version 2.5 မနက်ဖြန် မှာ ထွက်ရှိလာပါလိမ့်မယ်။ မူလက WordPress 2.3 ပြီးနောက် 2.4 ဆိုပြီး အစဉ်အတိုင်းလာရမှာ ဖြစ်ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် 2.4 ဆိုတဲ့ အဆင့် ကိုကျော်ပြီး 2.5 ကို ဦးတည်ခဲ့တာဖြစ်ပါတယ်။

Milestone 2.5 ရဲ့ Release Date ကတော့ WordPress.Org နှင့် Trac မှာ ကြေညာချက်အရ မနက်ဖြန် (မတ်လ၊ ၁၀ ရက် ၊၂၀၀၈) ဆိုတာ သိရှိရပါတယ်။ ယခုတစ်ခေါက် ဗားရှင်း WordPress ကတော့ Milestone ဗားရှင်းတစ်ခုဖြစ်တာနဲ့ အညီ ယခင်ဗားရှင်းတွေနဲ့ မတူကွာခြားချက်တွေ၊ အံ့မခန်း စွမ်းဆောင်ရည်တွေ ပါလာမှာ ဖြစ်တဲ့ အပြင် ပိုပြီးလည်း CMS(Content Management System) ဆန်လာပါလိမ့်မယ်။ ဗားရှင်း 2.5 ရဲ့ အကြိုလို့ပြောလို့ရတဲ့ ဗားရှင်း 2.4 ရဲ့ Admin Panel Preview ကို ဒီနေရာ မှာ ကြည့်လို့ရသလို၊ WordPress 2.5 ရဲ့ Admin Panel Preview ကို ဒီနေရာ မှာသွားရောက် ကြည့်ရှုနိုင်ပါတယ်။ ၂.၅ Admin Panel ရဲ့ Screen Shoot တွေကိုတော့ ဒီဆိုဒ်မှာ ရှင်းလင်းချက်တွေနဲ့ တကွ ဖော်ပြထားတာကို တွေ့ရှိရမှာပါ။

ဘာတွေကြိုတင်ပြင်ဆင်ထားမလဲ?

What we need to prepare?အဲဒီတော့ WordPress 2.5 မထွက်လာခင် WordPress User တွေဖြစ်တဲ့၊ ကျွန်တော်တို့ အနေနဲ့ ဘာတွေ ကြိုတင်ပြင်ဆင်မှု လုပ်ထားသင့်သလဲ။ အသစ်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့ဟာ အသစ်ဆိုတဲ့ အရာတစ်ခုနဲ့တော့ တွေ့ကြုံရင်ဆိုင်ရမှာ အသေအချာဖြစ်တာနဲ့ အညီ အဲဒီအသစ်သော အရာတစ်ခုအကြောင်းကို လတ်တလော အသုံး မပြုသေးလျင်တောင်မှ သိရှိနားလည်အောင် ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။

မည်သူမဆိုလည်း လက်ရှိဗားရှင်း အဟောင်းကို နှစ်သက်မှု ကျဆင်းလာတဲ့ အခါ ဗားရှင်း အသစ်ဖြစ်တဲ့ ၂.၅ ကို ပြောင်းလဲ အသုံးပြုချင်လာကြမှာပါ။ WordPress ကလည်း သူ့ရဲ့ အထင်ကရမှတ်တိုင်တစ်ခု ဖြစ်လာမဲ့ ၂.၅ ကို User Friendly ဖြစ်မှု၊ ပိုမို Powerful ဖြစ်မှု စတာတွေကို ထည့်သွင်း ပြုလုပ်ထားမှာ အသေအချာ ဖြစ်တဲ့ အတွက် WordPress User တွေ အနေနဲ့ တစ်ချိန်ချိန်မှာတော့ ဒီဗားရှင်း ကိုမသုံးမဖြစ်သုံးရတဲ့ အခြေ အနေမျိုး ဆိုက်ရောက်လာဦးမှာပါပဲ။

နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Sunday, 06 April 2008 )
အပြည့်အစုံကို ...
 
မင်္ဂလာပါ...
ရေးသားသူမှာ Web Master   
Saturday, 12 June 2004

 သတ္တမနည်းပညာရပ်ဝန်း မှ ကြိုဆိုပါတယ် ...

ဖြစ်ပေါ်ပြောင်းလဲမှုတို့ မြန်ဆန်လွန်းလှသော သတင်းနည်းပညာခေတ်တွင် နေထိုင်ရသည့် ကျွန်တော်တို့အတွက် ထိုနည်းပညာ၏ ဆွဲဆောင်မှု ၊ လိုအပ်ချက်နှင့် ၄င်းမှရရှိသော အကျိုးအပြစ်တို့မှာလည်း များပြားလှပါ၏။ဆွဲဆောင်မှုသို့ လိုက်ပါရင်း လိုအပ်ချက်(ဤနေရာတွင် စိတ်ဆန္ဒ၏ လိုအင်မဟုတ် ၊ လက်ရှိဘ၀နယ်ပယ်တွင် အသုံးချရေးဆိုင်ရာလိုအပ်ချက်ကို ဆိုလို၏)ကို ရယူအသုံးချတတ်စေရန် အလွန်အရေးကြီးလှပါသည်။၎င်းအတွက်ကျွန်တော်တို့ ဘာတွေလုပ်ကြမလဲ။

များမကြာသေးမှီက မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုသူ များပြားလာသည့်နည်းတူ အင်တာနက်ကဖေးများ ၊ ဆိုက်ဘာကဖေးများ လည်းတိုးတက်များပြားလာလျက်ရှိကြောင်း ကြားသိရပါသည်။တဆက်တည်းမှာပင် ၄င်းအင်တာနက်ကဖေးဆိုင်များမှ ကောက်ယူရရှိသော စစ်တမ်း တစ်ရပ်၏ အဆိုအရ အင်တာနက်အသုံးပြုသူများ၏ ၉၀% သည် လူငယ်များဖြစ်ကြပြီး အင်တာနက်ကို အသုံးချရာတွင် အများစုမှာ ချတ်ရွမ်းများသို့ဝင်ရောက်ခြင်း ၊ ~Censored~ ၀ဘ်ဆိုက်များကို ရှာဖွေခြင်း စသည်တို့အတွက်သာ အများဆုံးအသုံးချလျက်ရှိကြောင်း သိရှိရပါသည်။

နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Sunday, 02 March 2008 )
အပြည့်အစုံကို ...
 
ဒီတပတ်အတွက်
ရေးသားသူမှာ Administrator   
Monday, 09 August 2004

Weekend Reviews

အခုတစ်လော လုပ်ရမှာတွေက များ၊ လုပ်ချင် တာတွေက များ၊ နောက် လုပ်ခိုင်း တာတွေက များ နှင့် အလုပ်ပေါင်းစုံထဲ လူလည်း အတော့်ကို ဗျာများနေရ၏။ နောက် တွေးတော၊ စီမံကိန်းချထားသော အလုပ် ကြီးကြီး တစ်ခုကလည်း အကောင်အထည် ဖော်မည်ဟု ဆုံးဖြတ်ပြီးခါမှ ကိစ္စတစ်ခု ကြောင့် ပျက်သွားသဖြင့် ဘယ်တော့လောက် ပြန်လုပ်ဖြစ်မည်ဆိုသည် ကိုလည်း ထပ်မံစဉ်းစားရဦးမည်။

ထိုကိစ္စနှင့် အဓိက ပတ်သက်နေသည်မှာ မြန်မာယူနီကုဒ် ဖြစ်ပြီး၊ နောက်တစ်ခုကတော့ ငွေကြေးဖြစ်သည်။ ငွေကြေး အနေနှင့် ပြေလည်နိုင်စရာ အကြောင်းရှိသော်လည်း ထို ယူနီကုဒ် ကိစ္စကတော့ ဖြင့် မည်သို့မည်ပုံ ဆုံးဖြတ်ရမည်ကို မသိသေး။ အလုပ်နည်းနည်း ပါးသွားသည် နှင့် ထို- ကျွန်တော်ကြံစည်တွေးတော ထားသော ကိစ္စအကြောင်းအရာအား ဆောင်းပါးတစ်ပုဒ်အဖြစ် သီးခြား တင်ဆက်သွားပါဦးမည်။

နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Sunday, 02 March 2008 )
အပြည့်အစုံကို ...
 
Windows 7 ထွက်တော့မည်လော?
ရေးသားသူမှာ Administrator   
Monday, 09 August 2004

၂၀၀၆ ၊ နိုဝင်ဘာ ၈ ရက်နေ့မှာ ဖြန့်ချီခဲ့တဲ့ Windows Vista ကို ကမ္ဘာ တစ်ဝှမ်း ယနေ့အချိန်အထိ ကော်ပီခွေပေါင်း စံချိန်တင် သန်း(၁၀၀)Microsoft

ကျော်ရောင်းချခဲ့ပြီးနောက် အနေဖြင့် ၂၀၀၉ ခုနှစ်အမှီ သူ၏ ၀င်းဒိုစ် အသစ် - Windows 7 ကို ထုတ်လုပ်ဖြန့်ချီသွားမည် ဟု သတင်း ထွက်လာ ပြန်ပါတယ်။

ဘာလုပ်လုပ် သိုသိုသိပ်သိပ် လုပ်တတ်လွန်းသော မိုက်ခရိုဆော့ဖ် ကတော့ ထိုသတင်းကို အတည်ပြုခြင်း မရှိသေးသော်လည်း ထို Windows 7 အား M1, M2, M3 (Milestone-1,2,3) နှင့် RTM (Release-To-Manufacturing) ဆိုပြီး ဗားရှင်းသုံးမျိုးဖြင့် အဆင့်ဆင့်ထုတ် လုပ်ဖြန့်ချီသွားမည် ဖြစ်ပြီး နောက်ဆုံး Release Version ဖြစ်သော RTM Version အာား ၂၀၀၉- ခုနှစ်တွင် ဖြန့်ချီသွားမည် ဖြစ်ကြောင်း စသဖြင့် အင်တာနက်တခွင်တွင် တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ အုတ်အော်သောင်းနင်း ပြောဆိုနေကြပြန်ပါပြီ။

နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Monday, 03 March 2008 )
အပြည့်အစုံကို ...
 
နောက်ထပ် အကြောင်းအရာများ ...

ဖတ်စရာ ...

နိဒါန်း

ဝါ့ဒ်ပရက်စ် ကို Matt Mullenweg က ၂၀၀၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ သူ့ရဲ့ ဘလော့ဂ် မှာရေးသားချက်အရ Matt ဟာ အဲဒီကာလတုန်းက ရှိတဲ့ Blogging Platform B2|Cafelo ကိုသုံးစွဲရမှု အပေါ်မှာ စိတ်ကျေနပ်မှု မရှိတဲ့ အတွက် ကိုယ်တိုင် Blogging Platform တစ်ခုကို လူအားလုံး အလွယ်တစ်ကူနဲ့ စွမ်းအင်အပြည့် အသုံးချနိုင်အောင် စတင်ရေးသားဖို့ ကြံစည်ရာက နေ WordPress ကို မွေးဖွားလာခဲ့တယ်လို့ ဆိုပါတယ်။

WordPress ကိုစတင်တည်ထောင်စဉ်က အသက် ၁၈ နှစ်သာရှိသေးတဲ့ Matt ဟာ အသက် ၂၂- အရွယ်အရောက် ၂၀၀၇ -ဇန်န၀ါရီ မှာတော့ PCWorld မဂ္ဂဇင်းရဲ့ အင်တာနက်တခွင် အရေးအကြီးဆုံး လူသား (၅၀) စာရင်း မှာ နံပါတ် (၁၆) အဖြစ် နှင့် အသက်အငယ်ဆုံး အောင်မြင်သူတစ်ဦးအဖြစ်ပါ သတ်မှတ် ရွေးချယ်ခံရပါတယ်။

အပြည့်အစုံကို ...
 

ဆန္ဒပြုရန်

This Joomla! installation was ....
 

ဧည့်စာရင်း