သတ္တမ နည်းပညာ ရပ်ဝန်း ကို ပြန်လည် တည်ဆောက် နေပါသည်။
အခုထွက်တဲ့ ဗားရှင်းအသစ် WordPress 2.7 ကို ကုဒ်နံမည် “Coltrane” လို့ပေး ထား တယ်။ ထုံးစံ အတိုင်း ဝါ့ဒ်ပရက်စ် အဖွဲ့သား တွေရဲ့ ဖေးဘရိတ် တွေ ဖြစ်တဲ့ လူမည်း ဂျဇ် တေးဂီတသမား John Coltrane ကို ဂုဏ်ပြု မှည့်ခေါ် ထား တယ် လို့ ဆိုပါ တယ်။ ၃၄ ခုမြောက် ဗားရှင်း “ဝါ့ဒ်ပရက်စ်” ၂.၂.၃ ကနေ စသုံး လာတဲ့ ကျွန်တော့် အတွက် အခု ၂.၇ မှာ ၄၆ ခုမြောက် ဗားရှင်း ဖြစ်နေပြီ ဆိုတာကို သတိထား မိပါတယ်။ ကျွန်တော် တို့ အတွက် အကြီး အကျယ် အပြောင်း အလဲတွေ ကို ဖန်တီး ပေးခဲ့ သလိုပဲ ဝါ့ဒ်ပရက်စ် အဖွဲ့သားတွေ အတွက်လည်း ဒါဟာ ကြီးမားတဲ့ သမိုင်း မှတ်တိုင် တစ်ခုပါ။ ဒီနှစ်ထဲ မှာပဲ သူတို့ ဝါ့ဒ်ပရက်စ် ရဲ့ အထင်ကရ ဗားရှင်းတွေ ဖြစ်တဲ့ ၂.၆ နှင့် ၂.၇ ကို အောင်အောင်မြင်မြင် ဖြန့်ချီနိုင်ခဲ့ကြတယ်။
၂.၆ တုန်းက အရင်ဗားရှင်း တွေထက် တိုးတက်မှုတွေ၊ ဖြည့်စွက်မှု တွေ အများကြီး ထည့်ပေး နိုင်ခဲ့လို့ မှတ်တိုင် တစ်ခု ဖြစ်ခဲ့ သလိုပဲ အခု ၂.၇ မှာလည်း ၂.၆ ရဲ့ နောက် ဗားရှင်းတွေ အားလုံး ထက်ကိုပဲ တိုးတက်မှု၊ အသစ် ဖြည့်စွက်မှု တွေ အများကြီး ထည့်သွင်း နိုင်ခဲ့လို့ မှတ်တိုင် တစ်ခု ဖြစ်လာ ပြန်ပါတယ်။
ဘာတွေ အသစ်ပါသလဲ (What’s News in WordPress 2.7?)
မြန်မာစာ နှင့် အင်္ဂလိပ်စာ
မြန်မာစာ၊ မြန်မာစကား သည် လွန်ခဲ့သော နှစ် ၁၀၀၀- ကျော် ကာလ ပုဂံ အင်ပိုင်ယာခေတ် (အေဒီ ၈၄၉ -၁၂၈၇) မှစတင်ကာ တိုးတက်ဖွံ့ဖြိုး တည်ရှိလာခဲ့သော သမိုင်းကြောင်း ခိုင်မာ လှသည့် ဘာသာစကား တစ်ရပ် ဖြစ်သည်။ အဆိုပါ ခေတ်တွင် မူလအစက ပျူ၊ မွန်၊ မြန်မာ၊ ပါဠိ တို့ပါဝင်သော ဘာသာစကား လေးမျိုးလုံးအား ပြည်သူပြည်သား အပေါင်းတို့ အသုံးပြု ပြောဆိုခဲ့ကြမည် ဟုလည်း ယုံကြည်ရ၏။ ထိုအချက်ကို သက်သေပြရန် အစောဆုံး တွေ့ရှိရသည့် ခိုင်မာသော အထောက် အထား တစ်ရပ် အနေဖြင့် ကျန်စစ်သားမင်းကြီး၏ သားတော် ရာဇကုမာရ် မင်းသား ရေးထိုးခဲ့သော မြစေတီ ကျောက်စာ အား ညွှန်းဆိုနိုင်သည်။
ဤသုတေသန ဆောင်းပါးကို ရေးချင်ခြင်း၊ ပြောလိုချင်း ဆန္ဒ အမြစ်တွယ် နေသည်မှာ ကြာမြင့်ပြီ ဖြစ်သည်။ ဘိုင်နရီခေတ် (Binary Era)၊ အိုင်တီ ခေတ် (IT Era) တွင် မြန်မာစာ၊ မြန်မာစကား နှင့် ယူနီကုဒ် တို့၏ ရှုပ်ထွေး ကျယ်ပြန့်လှသော ပြဿနာများ အကြောင်း ဆွေးနွေးမှုများ၊ ငြင်းခုန်မှုများ တွေ့တိုင်း၊ မြင်တိုင်း၊ ကြားမိတိုင်းတွင် တစ်စုံတစ်ခုကို ဝင်ရောက် ဆွေးနွေး ပြောဆို လိုခြင်း ဆိုသည့် ပြင်းပြသော ဆန္ဒအား အရင်းခံသည် ဟုဆိုနိုင်ပါ၏။ သို့သော်လည်း ပြောရေးသာရှိ၊ ပြောစရာ မရှိ ဆိုသလို ပြောချင်သော အကြောင်းအရာနှင့် ပတ်သတ်၍ကား ထဲထဲဝင်ဝင်၊ ပိုင်ပိုင် နိုင်နိုင် သိကျွမ်း နားလည်သူ မဟုတ်သဖြင့် ပြောနိုင်သော အစွမ်းမဲ့ကာ နှုတ်ဆိတ် နေခဲ့ရ၏။ ယခုတော့ အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ ထဲဝင် ပိုင်နိုင်စွာ သိကျွမ်းသူ အဖြစ် မဟုတ်စေကာမူ အပြီးသတ် ရယူသုံးစွဲသူ (End User) တစ်ဦး အနေဖြင့် သော် လည်းကောင်း၊ မြန်မာစာ မြန်မာစကားကို အများ လက်ခံ သဘောတူညီသော ခိုင်မာတည်တံ့သည့် စံနှုန်း၊ နည်းစနစ် တစ်ခု ဖြင့် ဘိုင်နရီခေတ်၏ ယူနီကုဒ် မြင်းရိုင်းအား ကျွမ်းကျင်ပိုင်နိုင်စွာ စီးနင်းပြီး တိုးတက်ဖွံ့ဖြိုးမှု ဆီသို့ ဆက်လက် ဦးတည်စေလိုသော မြန်မာ လူမျိုး တစ်ယောက်၏ ဆန္ဒရင်း၊ စေတနာ ဖြင့်သော် လည်းကောင်း ဖတ်ရှုလေ့လာ၊ မှတ်သားမိသမျှ အသိဥာဏ်အား အခြခံ၍ ဤဆောင်းပါးအား ရေးသား လိုက်ရပါကြောင်းနှင့် ဝိုင်းဝန်း၊ ဝေဖန်၊ အကြံပြု၊ မှတ်ချက်ချ၊ ဆွေးနွေးခြင်းများ လွတ်လပ်စွာ ပြုလုပ်နိုင်ကြပါကြောင်း စာဖတ်သူ အပေါင်းအား လေးစားစွာ အသိပေးလိုပါ၏။
ဘိုင်နရီ ခေတ်၏ ယူနီကုဒ် မြင်းရိုင်း
စက်မှု အင်ဂျင်နီယာနှင့် စွမ်းအင် အင်ဂျင်နီယာ ဘာသာရပ်များ (Mechanical & Dynamic Engineering) တွင် မြင်းကောင်ရေ အား (Horsepower) ဆိုသည့် စွမ်းအင် (Power) ကိုတိုင်းတာသော အတိုင်းအတာ (Unit) တစ်ခုရှိသည်။ စက်မှုခေတ်ပြောင်း တော်လှန်ရေး၏ အစဟု ဆိုနိုင်သော ကာလ (၁၇၀၂-ခုနှစ်) ၊ စက်မှု သိပ္ပံပညာရှင် (Thomas Savery) နှင့် (James Watt) တို့မှ မြင်း တို့၏ သန်မာ ဖြတ်လတ်လှသော ခွန်အားကို စံထား သတ်မှတ်ကာ စက်ပစ္စည်း များအတွက် စွမ်းအင် အတိုင်းအတာ အဖြစ် စတင်တီထွင် သုံးစွဲ လာခဲ့ကြခြင်း ဖြစ်သည်။
A Brief History of Google
အလွန်ကြီးမားသော (သို့မဟုတ်) ၁-အနောက်မှ သုည အလုံးတစ်ရာ (10100) လို့ အဓိပ္ပါယ်ရတဲ့၊ မူရင်းစကားလုံး “googol” ရဲ့ အသံထွက် စာလုံး ပေါင်း (အမှား) နဲ့ “Google ”လို့ နာမည်တွင်တဲ့ အင်တာနက် ဘီလူးကြီးတစ်ကောင် ကို အမေရိကန်နိုင်ငံ၊ California ပြည်နယ် ၊ Stanford University ရဲ့ Ph.D ကျောင်းသား နှစ်ဦးဖြစ်သူ Larry Page ( Michigan State University မှ ကွန်ပြူတာ သိပ္ပံနှင့် ဥာဏ်ရည်တု ဌာန ပါမောက္ခ Dr. Carl Victor Page ၏ သား) နှင့် Sergey Brin (ရုရှား ဘာသာ အားဖြင့် Сергей Михайлович Брин - ဆိုဗီယက်ရုရှား နိုင်ငံသား၊ ဂျူးလူမျိုး မိဘနှစ်ပါးမှ ပေါက်ဖွားပြီး အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့ အခြေချ နေထိုင်သူ) တို့မှ ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့မှာ ပူးတွဲတည်ထောင် မွေးဖွား စေခဲ့ပါတယ်။
၂၀၀၆ ၊ နိုဝင်ဘာ ၈ ရက်နေ့မှာ ဖြန့်ချီခဲ့တဲ့ Windows Vista ကို ကမ္ဘာ တစ်ဝှမ်း ယနေ့အချိန်အထိ ကော်ပီခွေပေါင်း စံချိန်တင် သန်း(၁၀၀)Microsoft
ဘာလုပ်လုပ် သိုသိုသိပ်သိပ် လုပ်တတ်လွန်းသော မိုက်ခရိုဆော့ဖ် ကတော့ ထိုသတင်းကို အတည်ပြုခြင်း မရှိသေးသော်လည်း ထို Windows 7 အား M1, M2, M3 (Milestone-1,2,3) နှင့် RTM (Release-To-Manufacturing) ဆိုပြီး ဗားရှင်းသုံးမျိုးဖြင့် အဆင့်ဆင့်ထုတ် လုပ်ဖြန့်ချီသွားမည် ဖြစ်ပြီး နောက်ဆုံး Release Version ဖြစ်သော RTM Version အာား ၂၀၀၉- ခုနှစ်တွင် ဖြန့်ချီသွားမည် ဖြစ်ကြောင်း စသဖြင့် အင်တာနက်တခွင်တွင် တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ အုတ်အော်သောင်းနင်း ပြောဆိုနေကြပြန်ပါပြီ။