“Coltrane” Brings You to Wonderful Automatic World
User Rating: / 18
PoorBest 

wordpress logoအခုထွက်တဲ့  ဗားရှင်းအသစ်  WordPress 2.7  ကို ကုဒ်နံမည် “Coltrane”  လို့ပေး ထား တယ်။ ထုံးစံ အတိုင်း ဝါ့ဒ်ပရက်စ် အဖွဲ့သား တွေရဲ့  ဖေးဘရိတ် တွေ ဖြစ်တဲ့ လူမည်း ဂျဇ် တေးဂီတသမား  John Coltrane ကို ဂုဏ်ပြု မှည့်ခေါ် ထား တယ် လို့ ဆိုပါ တယ်။ ၃၄ ခုမြောက် ဗားရှင်း “ဝါ့ဒ်ပရက်စ်” ၂.၂.၃ ကနေ စသုံး လာတဲ့ ကျွန်တော့် အတွက် အခု ၂.၇ မှာ ၄၆ ခုမြောက် ဗားရှင်း ဖြစ်နေပြီ ဆိုတာကို သတိထား မိပါတယ်။ ကျွန်တော် တို့ အတွက် အကြီး အကျယ် အပြောင်း အလဲတွေ ကို ဖန်တီး ပေးခဲ့ သလိုပဲ ဝါ့ဒ်ပရက်စ် အဖွဲ့သားတွေ အတွက်လည်း ဒါဟာ ကြီးမားတဲ့ သမိုင်း မှတ်တိုင် တစ်ခုပါ။ ဒီနှစ်ထဲ မှာပဲ သူတို့ ဝါ့ဒ်ပရက်စ် ရဲ့ အထင်ကရ ဗားရှင်းတွေ ဖြစ်တဲ့ ၂.၆ နှင့် ၂.၇ ကို အောင်အောင်မြင်မြင် ဖြန့်ချီနိုင်ခဲ့ကြတယ်။

၂.၆ တုန်းက အရင်ဗားရှင်း တွေထက် တိုးတက်မှုတွေ၊ ဖြည့်စွက်မှု တွေ အများကြီး ထည့်ပေး နိုင်ခဲ့လို့ မှတ်တိုင် တစ်ခု ဖြစ်ခဲ့ သလိုပဲ အခု ၂.၇ မှာလည်း ၂.၆ ရဲ့ နောက် ဗားရှင်းတွေ အားလုံး ထက်ကိုပဲ တိုးတက်မှု၊ အသစ် ဖြည့်စွက်မှု တွေ အများကြီး ထည့်သွင်း နိုင်ခဲ့လို့ မှတ်တိုင် တစ်ခု ဖြစ်လာ ပြန်ပါတယ်။

ဘာတွေ အသစ်ပါသလဲ (What’s News in WordPress 2.7?)


WordPress 2.7

WordPress 2.7 "Coltrane"

(၁) WordPress 2.7 ကို အင်စတောလ် လုပ်လုပ်ပြီးခြင်း မြင်ရမှာက အရင်နဲ့ မတူ လန်းဆန်းလွန်းနေတဲ့ “အက်ဒမင် နယ်ပယ်” (Admin User Interface) ပါပဲ။ ကျွန်တော် တို့ အတွက် အရေး တစ်ကြီး ဖြစ်တဲ့ မြန်မာ ဖောင့်ထ် တွေကလည်း အရင်ကထက်ကို ရှင်းရှင်းလင်းလင်း၊ ထင်ထင် ရှားရှားနဲ့။ လူ (၁၅၀) ကျော် ဝိုင်းပြီး ရေးခဲ့ကြတဲ့ ဒီ  ၂.၇ အက်ဒမင် နယ်ပယ် ရဲ့ တစ်ခုတည်းသော ဦးတည်ချက် က အရင် ဗားရှင်းတွေ တုန်းကလို တစ်ခုခု လုပ်ချင်တိုင်း မီနူး (Menu)၊ ဆဗ်မီနူး (SubMenu)၊ နောက်ဆုံး ဦးတည်ရာ (Destination Link) စသဖြင့် အဆင့်ဆင့် သွားနေစရာ မလိုတော့ပဲ “အက်ဒမင် နယ်ပယ်” အတွင်းမှာ “ကလစ်” (Click) အနည်းဆုံးနဲ့ လုပ်ငန်း ပြီးမြောက်စေဖို့ ဖြစ်တယ် လို့ ဆိုပါတယ်။ အရင်တုံးက  ဟက်ကာတွေ၊ စမ်းသပ် သုံးစွဲ သူတွေ အတွက် ထိပ်တန်း က ဆွေးနွေးစရာ ခေါင်းစဉ် တစ်ခုဖြစ်ခဲ့တဲ့ ဒီအကြောင်းအရာကို ၂.၇ မှာ လုံးဝ မြင်ရစရာ ရှိတော့မှာ မဟုတ်တော့ဘူး လို့လဲ ဆိုထားပြန်ပါလေရဲ့။

လက်ရှိ ကျွန်တော် မြင်မိသလောက်တော့ အဲဒီ အချက်ဟာ ၉၉% ရာနှုန်း မှန်တယ် လို့ပြောလို့ရပါတယ်။ အရင်က အက်ဒမင် နယ်ပယ် (Admin Panel) မီနူးဘား (Menu Bar) ကြီး တစ်ခုလုံးနဲ့ အောက်က ရွေးချယ်စရာ (Options) တွေအားလုံးကို ဘယ်ဘက်ခြမ်းမှာ ဆိုဒ်ဘား (Side Bar) တစ်ခုအသွင် သဏ္ဍာန်ဖွဲ့စည်း ထားလိုက်ပြီး Java Script နဲ့ Snoopy တို့ရဲ့ တန်ခိုးနဲ့ သွားချင်တဲ့ နေရာကို ကလစ် ၂-ချက် အတွင်း ရောက်အောင် သွားနိုင်လာအောင် လုပ်ထားတာက ဖြင့် မချီးကျူးပဲ မနေနိုင်အောင် ကောင်းလွန်းတဲ့ အိုင်ဒီယာပါပဲ။

WordPress 2.7 Admin Dashboard

WordPress 2.7 Admin Dashboard

(၂) ပြီးတော့ ဒီ ၂.၇ ဗားရှင်းမှာ အက်ဒမင် နယ်ပယ် (Admin Panel & Dashboard) တစ်ခုလုံးမှာ ရှိသမျှ အချက်အလက် Box တွေ အသီးသီး ကို ကိုယ့်စိတ်ကြိုက် ကိုယ်ပိုင် ဖြစ်အောင်၊ ကိုယ်နဲ့ အဆင်အပြေဆုံး ပုံစံကို အလွယ်သုံးနိုင်အောင် ဖန်တီးပေးထားပါသေးတယ်။ အသုံးပြုသူတွေ ဆီက ကောက်ခံထားတဲ့ ဆန္ဒမဲတွေနဲ့ အဆုံးအဖြစ်ယူပြီး သုံးထားတဲ့ Icons Set ၊ User Friendly ဖြစ်အောင် အတတ်နိုင်ဆုံး ဖန်တီးထားတဲ့ Dashboard Wireframes စတာတို့ ပါဝင်တဲ့ ခင်ဗျားရဲ့ ၂.၇ အက်ဒမင် နယ်ပယ်ကြီးကို ကိုယ့်စိတ်ကြိုက် ဖြစ်အောင် ဘယ်လိုတွေ ပြောင်းလဲ ဖန်တီး (Customize) နိုင်တယ် ဆိုတာကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်ဗျာ။

(၃) နောက် phpBB တို့လို ဖိုရမ် ဆော့ဖ်ဝဲရ်တွေဆီက “အမြန်ပြန်စာ ရေးရန်” (Quick Reply) အိုင်ဒီယာမျိုး ဆန်ဆန်ကိုလည်း အခု ၂.၇ မှာ ထည့်ထားတာ တွေ့ပါတယ်။ ကောမန့် (Comment) တွေကို အက်ဒမင် နယ်ပယ် ထဲကနေပဲ ချက်ချင်း ပြန်ရေးပေးလို့ ရတဲ့ Quick Reply နဲ့ ပို့စ် အသစ် တစ်ပုဒ်ကို အချိန်တို အတွင်း ရေးပြီး ပို့စ်လုပ်နိုင်တဲ့ QuickPress ဆိုတဲ့ ကောင်ပါ။ အရင်ဗားရှင်းတွေတုန်းက ပို့စ်အသစ် ရေးရန် (Create New Post) ဆိုတာပဲ ပါတာပါ။ ကောမန့် တွေကိုလည်း ဘလော့ဂ် ပေါ်ကိုသွားပြီးမှ ရေးလို့ရခဲ့တာ မှတ်မိကြဦးမှာပါ။ အခုတော့ အဲဒီ ၂-ခု နဲ့တင်ပဲ အတော့်ကို အဆင်ပြေသွားတာ ကလည်း ကျွန်တော် တို့ အတွက် သိပ်ကောင်းတဲ့ အချက်ပါပဲ။

(၄) အကောင်းတစ်ကာ့ အကောင်းဆုံး လုပ်ဆောင်ချက် အသစ် ကြီးကတော့ ဒီဆောင်းပါးရဲ့ ခေါင်းစဉ်မှာ ပါတဲ့ အတိုင်းပဲ အခု ၂.၇ က စလို့ ဝါ့ဒ်ပရက်စ် တွေ၊ Plugin တွေကို ဗားရှင်း အသစ်ထွက်တိုင်း၊ Plugin အသစ် တစ်ခုခုကို ကိုယ့်ဘလော့ဂ်မှာ ထည့်ချင်တိုင်း ဒေါင်းလုဒ်ချ၊ FTP ဆော့ဖ်ဝဲရ် တစ်ခုခုနဲ့ ဆာဗာ ပေါ်တင်၊ Activate လုပ် စတဲ့ လမ်းဟောင်း အတိုင်း ထပ်လျောက် နေစရာ မလိုတော့ပဲ WordPress New Version ကို Upgrade ပဲ လုပ်လုပ်၊ Plugin အသစ်ကိုပဲ Install လုပ်လုပ် သူ့ အက်ဒမင် နယ်ပယ် ကနေ တစ်ဆင့် တိုက်ရိုက် လုပ်လာနိုင်တဲ့ အချက်ပါပဲ။ အဆင်မပြေလားဗျာ။ ကျွန်တော် ကတော့ ၂.၇ အသစ်ကို အဲဒီ လုပ်ဆောင်ချက် တစ်ခုတည်းနဲ့တင် Upgrade လုပ်ရမယ် ဆိုလည်း လုပ်ဖြစ်မယ်ဗျာ။ Plugin တွေကို ဒေါင်းလုဒ် ချ၊ FTP နဲ့ ဆာဗာ ပေါ်တင်၊ အဲဒီ လုပ်ငန်းစဉ် ကြီးကို ငြီးငွေ့နေတာ ကြာပြီ။

WordPress New Version Upgrade လုပ်တာကတော့ WPAU (WordPress Automatic Upgrade Plugin) အကူအညီနဲ့ အိုကေလာတာ ကြာပြီ။ ဒီတစ်ခေါက် လည်း ဒါနဲ့ပဲ Upgrade လုပ်ဖြစ်တယ်။ အားလုံး အောင်အောင်မြင်မြင်ပါပဲ။

ဝါ့ဒ်ပရက်စ် ၂.၇ မှာ ဘာပြဿနာတွေ ရှိလဲ (What’s Problem in WordPress 2.7?)

Upgrade လုပ်ပြီးပြီးချင်းမှာ ဘာပြဿနာမှ မရှိ။ အားလုံး ပုံမှန် အတိုင်းပဲ အလုပ်လုပ် လျက်ရှိတယ်။ ကျွန်တော် သုံးထားတဲ့ Structure Theme ကလည်း အခု WordPress 2.7 အထိကို ကုဒ်ဒင် အယ်ရာ (Coding Error) တွေ မရှိတာလည်း ကံကောင်းသွားတဲ့ အချက် ဖြစ်မယ် (Thanks again Justin!) ။ ဝါ့ဒ်ပရက်စ် ၂.၇ ကို Support မလုပ်တဲ့ Plugin တွေ သုံးထားမိရင်တော့ အနည်းငယ် ပြဿနာရှိကောင်း ရှိမယ်။ 2.7 နဲ့ Compatibilities ဖြစ်တဲ့ Plugin တွေ စာရင်းကို ဒီမှာ သွားကြည့်လို့ ရသလို Plugin နဲ့ သက်ဆိုင်ရာ Homepage မှာလည်း သွားရှာလို့ရပါတယ်။ (ကျွန်တော် တော့ WP 2.7 Admin Panel ကနေ တစ်ဆင့် Plugin စာမျက်နှာမှာ ပေါ်ပြူလာ (Popular) ဆိုတဲ့ Plugin တွေ လိုက်ကြည့်ဖြစ်တယ်။ အားလုံး နီးပါးကတော့ ကျွန်တော့်ဆီမှာ အင်စတောလ် လုပ်ပြီးသား ဖြစ်နေတယ်။ Google Analyticator ဆိုတဲ့ ကောင်နဲ့ WordPress.com Stats တို့ကိုပဲ ထပ် အင်စတောလ် လုပ်ဖြစ်တယ်။ အားလုံး အိုကေပါတယ်။  :) )

လတ်တလော အဖြေတွေ့ပြီး သားဖြစ်တဲ့ Bug လေး တစ်ခုကတော့ နံပါတ် (၄) Feature ဖြစ်တဲ့ Automatic Upgrade & Plugin Install လုပ်ရာမှာ တွေ့ရတဲ့ ပြဿနာ တစ်ခုပါပဲ။ အခု ၂.၇ ရဲ့ သိပ်ကောင်းတဲ့ Feature တစ်ခုဖြစ်တဲ့၊ ကြိုက်တဲ့ Plugin တွေ့တာနဲ့ ကိုယ့် အက်ဒမင် နယ်ပယ် ကနေ တန်း အင်စတောလ် လုပ်လို့ရတဲ့ Feature ကို သုံးတုန်းမှာ ဒီလို Error တက်လာတာ ကိုတွေ့ရပါမယ်။

Fatal error: Cannot redeclare pclziputilpathreduction() (previously declared in /homepages/xxx/xxxxxxxx/htdocs/r/wp-content/plugins/wordpress-automatic-upgrade/lib/pclzip.lib.php:6531) in /homepages/xxx/xxxxxxxxx/htdocs/r/wp-content/admin/includes/class-pclzip.php on line 6588

ဖြေရှင်းနည်း ပထမ အချက်အနေနဲ့ကတော့ ခင်ဗျား ဘလော့ဂ်မှာ WPAU Plugin သုံးထားရင် De-activate လုပ်ထားလိုက်ရုံနဲ့ အားလုံး အိုကေပါတယ်။ တစ်ကယ်လို့ အဲဒီနည်းနဲ့မှ အဆင်မပြေသေးဘူး ဆိုရင်တော့ ဒီနေရာမှာ ဘယ်လို ဖြေရှင်း လို့ရတယ် ဆိုတဲ့ နည်းလမ်းရှင်း ပြထားတာ ရှိပါတယ်။

ရပ်ရပ်၊ မရပ်ရပ်၊ ရပ်လိုက်ပြီဗျို့ :D

ပြောသမျှ အားနာနာနဲ့ လာလာဖတ်နေရသော အားလုံးသော ဝါ့ဒ်ပရက်စ် ချစ်သူများ ဝါ့ဒ်ပရက်စ် အသစ်စက်စက် ၂.၇ နှင့် ပျော်ပျော်ပါးပါး ဘလော့ဂ်ဂင်း နိုင်ကြပါစေဗျာ။ ကျွန်တော်လည်း အလိုက်ကန်းဆိုး မသိ စကားများခြင်းမှ အနားယူပြီး သကာလ လက်နား၊ လူနား ပြီး စက်ပါ အနားပေးလိုက်ဦးမယ် ဖြစ်တဲ့ အတွက် ဒီပို့စ်ကတော့ တစ်ကယ်ပဲ စက်ရပ် ပို့စ် အဖြစ် ရောက်ရှိသွားကြောင်း။ :P

ကိုးကား

၁။  ဝါ့ဒ်ပရက်စ် ဘလော့ဂ်

၂။  ဝါ့ဒ်ပရက်စ် မှတ်တမ်း

၃။  Ryan Rampersad blog

၎။ ဝါ့ဒ်ပရက်စ် အထောက်အကူပြု ဖိုရမ်

 

 
http://www.technical-seven.com/