| GoogleMail.Com and Gmail.Com? |
|
A Brief History of Google ![]() အလွန်ကြီးမားသော (သို့မဟုတ်) ၁-အနောက်မှ သုည အလုံးတစ်ရာ (10100) လို့ အဓိပ္ပါယ်ရတဲ့၊ မူရင်းစကားလုံး “googol” ရဲ့ အသံထွက် စာလုံး ပေါင်း (အမှား) နဲ့ “Google ”လို့ နာမည်တွင်တဲ့ အင်တာနက် ဘီလူးကြီးတစ်ကောင် ကို အမေရိကန်နိုင်ငံ၊ California ပြည်နယ် ၊ Stanford University ရဲ့ Ph.D ကျောင်းသား နှစ်ဦးဖြစ်သူ Larry Page ( Michigan State University မှ ကွန်ပြူတာ သိပ္ပံနှင့် ဥာဏ်ရည်တု ဌာန ပါမောက္ခ Dr. Carl Victor Page ၏ သား) နှင့် Sergey Brin (ရုရှား ဘာသာ အားဖြင့် Сергей Михайлович Брин - ဆိုဗီယက်ရုရှား နိုင်ငံသား၊ ဂျူးလူမျိုး မိဘနှစ်ပါးမှ ပေါက်ဖွားပြီး အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့ အခြေချ နေထိုင်သူ) တို့မှ ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့မှာ ပူးတွဲတည်ထောင် မွေးဖွား စေခဲ့ပါတယ်။
World Wide Web ရဲ့ အရည်အသွေး ဆိုင်ရာတွေကို သင်္ချာဆိုင်ရာ ညီမျှခြင်းတွေနဲ့ အဖြေရှာ ဖို့ကြိုးစားနေတဲ့ Ph.D ကျောင်းသား Larry Page ရဲ့ Project တစ်ခုကနေ အစပြုခဲ့တဲ့ ကနဦး Google ကို အလွန်ရင်းနှီးတဲ့ အတန်းတူ သူငယ်ချင်းဖြစ်သူ Sergey Brin ပူးပေါင်း ပါဝင်လာခဲ့ပြီး Privately held company တစ်ခုအဖြစ် စတင်ခဲ့ပါတယ်။ နောက် ခြောက်နှစ် အကြာ ၂၀၀၄ ခုနှစ်၊ သြဂုတ်လ (၁၉) ရက် အရောက်မှာတော့ သုံးစွဲသူ ဦးရေ သန်းပေါင်းများစွာ နှင့်တကွ Google Inc. ကြီး တစ်ခုလုံးရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၂၃-ဘီလီယံ အထိမြင့်တက်ခဲ့ ပါတယ်။ ယနေ့ အချိန် (ဇွန်လ ၃၀ရက်၊ ၂၀၀၈ မှာ ကောက်ယူရရှိတဲ့ စစ်တမ်း တစ်ရပ်အလိုအရ) Google မှာ အလုပ်လုပ်နေသူ ၀န်ထမ်းဦးရေ (၁၉၆,၀၄) ဦးနဲ့ Comapany ရဲ့ ဈေးကွက်ဝေစု US$ 179.07 Billion အထိ ရှိနေခဲ့ပြီဖြစ်ပါတယ်။ Google ရဲ့ အဓိက ၀င်ငွေအများစုကို Advertising လုပ်ငန်းများမှ ရရှိခဲ့ ခြင်းဖြစ်ပြီး ကျန်တဲ့ ဆက်စပ် ထုတ်ကုန်တွေဖြစ်တဲ့ Internet search, web-based e-mail, online mapping, office productivity, social networking, နှင့် video sharing လုပ်ငန်းများ မှလည်း ၀င်ငွေတွေ ရရှိခဲ့ပါတယ်။ A Story Behind the Googlemail.Com ကျွန်တော်တို့ မြန်မာ အင်တာနက် အသုံးပြုသူတိုင်း နှင့်ရော ကမ္ဘာတစ်ခွင်က အင်တာနက် အသုံးပြုသူ အားလုံးနီးပါး လောက်နှင့် ပါ ရင်းနှီး ကျွမ်းဝင်ပြီးသား ဖြစ်တဲ့ Google ရဲ့ အခမဲ့ Web-Based e-mail ၀န်ဆောင်မှု တစ်ခုဖြစ်တဲ့ Gmail ကို ၂၀၀၄ ခုနှစ် မှာ တရားဝင် ထုတ်လွတ်ခဲ့ပါတယ်။ စတင်ဖြန့်ချီပြီး အချိန်တိုအတွင်းမှာပဲ အဲဒီ Gmail ၀န်ဆောင်မှုကို အသုံးပြုရလွယ်ကူခြင်း၊ Mail Storage Size ကို အသုံးပြုသူ တစ်ဦးချင်းစီ အတွက် ကြီးမားစွာ ပေးထားခြင်း တို့နှင့် အတူ အသုံးပြုသူ အမြောက် အများလိုက်ပါ သုံးစွဲလာ ခဲ့ကြပါတယ်။ စတင် ဖြန့်ချီစဉ်က Invitation-only စနစ်နှင့်သာ Account အသစ်ပြုလုပ်ခြင်းအား ခွင့်ပြုခဲ့ပေမယ့် ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်မှာတော့ မည်သူမဆို လွတ်လပ်စွာ အသုံးပြုနိုင်သော၊ Acoount အသစ်အား မိမိစိတ်ကြိုက် ဖန်တီးနိုင်သော စနစ်အဖြစ် အများပြည်သူ ထံကို ဆက်လက် ဖြန့်ချီခဲ့ပါတယ်။ အဲဒီလိုနဲ့ နိုင်ငံအသီးသီးမှာ အောင်မြင်မှု အသီးသီးနဲ့ Google ရဲ့ Gmail Service ဟာ United Kingdom နဲ့ Germany နိုင်ငံတို့မှာ ၂၀၀၅ ခုနှစ် အရောက်၊ “Gmail” ဆိုသော နာမည်နှင့် ပတ်သက်ပြီး ပိုင်ဆိုင်မှု အငြင်းပွားခြင်း ပြဿနာဖြစ်ပွားခဲ့ပါတယ်။ အဲဒီ အတွက် Google အနေနဲ့ ၎င်း နှစ်နိုင်ငံရှိ သူ့ရဲ့ စားသုံးသူတွေ အတွက် “Gmail” တစ်ဖြစ်လဲ “Googlemail” ကို ၂၀၀၅ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက် နေ့မှာ UK နိုင်ငံ မှာ စတင် ပြောင်းလဲ သုံးစွဲခဲ့ပါတယ်။ What is the real difference between Googlemail.Com and Gmail.com အဲဒီလို @googlemail.com အဖြစ်သို့ ပြောင်းလဲ လိုက်တဲ့ အတွက် UK နှင့် Germany နှစ်နိုင်ငံရှိ ယခင် Gmail User တွေ အနေနဲ့ရော၊ ကျန်ရှိတဲ့ ကမ္ဘာတစ်ခွင်ရှိ Gmail User တွေ အနေနဲ့ပါ ဘာတွေများ ပြောင်းလဲသွားပါသလဲ လို့မေးစရာရှိပါတယ်။
There are “NO” Secrets in the Internet ကျွန်တော်တို့ မြန်မာစကားမှာ “မကောင်းမှု ဟူသည် ဆိတ်ကွယ်ရာ မရှိ” ဆိုတာ တော်တော်များများ ကြားဖူး ကြပါလိမ့်မယ်။ အခုတော့ ကျွန်တော်က အဲဒါကို “အင်တာနက်ဟူသည် ဆိတ်ကွယ်ရာ မရှိ” လို့ ပြောင်းပြီး ပြောချင်ပါတယ်။ နောက်တစ်ခုက လူဆိုသည်ကလည်း မရတာကိုမှ ပိုပြီး အသုံးပြုချင်၊ ရယူချင်တဲ့ ဆန့်ကျင်ချင်တဲ့ စိတ်လေးက မွေးကတည်းက ပါလာတဲ့ အစွယ်တစ်ခုပါပဲ။ အဲဒီ အတွက် @Gmail.com ဆိုတဲ့ Address ကိုမှ UK နှင့် Germany ရှိ အသုံးပြုသူများက သုံးချင်ကြပြီး ၊ @Googlemail.Com ကိုတော့ ကျန်တဲ့ ကမ္ဘာအနှံ့က လူအပေါင်းတို့က သုံးစွဲချင်ကြ ပြန်တာ ဆန်းကြယ်တဲ့ ဖြစ်ရပ်တစ်ခု မဟုတ်ပါဘူး။ ကျွန်တော် ကိုယ်တိုင်လည်း အဲဒီလိုလူတွေ ထဲပါဝင်နေတဲ့ လူထဲက လူတစ်ယောက် ဖြစ်တဲ့ အခါမှာတော့ @Googlemail.Com နဲ့ @Gmail.Com ကို စိတ်ကြိုက် အသုံးပြုနိုင်ဖို့ ငါးကြင်းဆီ နှင့် ငါးကြင်းကြော်ပြီး Google ကြည့်လိုက်တဲ့ အချိန်မှာ အောက်ပါ နည်းလမ်းတွေကို သွားတွေ့ပါတော့တယ်။ How to Signup @Gmail.com for UK & Germany ထူးထူးထွေထွေ လုပ်စရာ မရှိပါဘူး။ အောက်ပါလင့်ခ် လေးကနေတစ်ဆင့် သွားပြီး Account အသစ်ပြုလုပ် လိုက်ရုံနဲ့ပဲ UK နှင့် Germany ရှိ အစွယ်ပေါက်သူများ (မှားလို့ Sign Up @Gmail.Com for UK & Germany Users How to Signup @Googlemail.com for All other Countries ကျန်သော အစွယ်ပေါက်သူများ (ကျွန်တော် အပါအ၀င်) တို့အတွက်တော့ အောက်ပါ လင့်ခ် ကနေ တဆင့် @Googlemail.Com ကို ပက်ပက်စက်စက် Account ပြုလုပ်ပြီး အသုံးပြုနိုင်ကြပါပြီ။ Sign Up @Googlemail.Com for All other Countries ဒီနေရာမှာ တစ်ခုရှိတာကတော့ ယခင်မိမိနာမည်နဲ့ Account လုပ်ပြီးသူများ(ဥပမာ This e-mail address is being protected from spambots. You need JavaScript enabled to view it ) အနေနဲ့ အဲဒီ နာမည်နဲ့ပဲ (ဥပမာ This e-mail address is being protected from spambots. You need JavaScript enabled to view it ) နဲ့ ထပ်လုပ်လို့ မရနိုင်တော့ဘူး ဆိုတာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ This e-mail address is being protected from spambots. You need JavaScript enabled to view it နဲ့ ဖြစ်စေ This e-mail address is being protected from spambots. You need JavaScript enabled to view it နဲ့ ဖြစ်စေ တစ်ခုခု နဲ့ Account လုပ်ပြီးပြီ ဆိုတာနဲ့ @gmail.com နှင့် @googlemail.com ဆိုတဲ့ လိပ်စာ နှစ်မျိုးလုံးကို ရရှိပြီးသား ဖြစ်လို့ပါပဲ။ Top Secret between these 2-Sign Up Links လျှို့ဝှက်ချက်က အရမ်း ကြီးကျယ်ခမ်းနားလွန်း နေလို့ ပြောရမှာတောင် ခပ်တွန့်တွန့်ပါပဲ။ (I’m so sorry Google. Forgive me! အပေါ်က Sign Up Link နှစ်ခုကို Copy ကူးပြီး Notepad ထဲ ထည့်ကြည့်ရင်ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် မိမိ အသုံးပြုတဲ့ Browser ရဲ့ Address Bar ထဲမှာ Keyboard က Right Arrow Key ကို အသုံးပြုပြီးတော့ Link တွေရဲ့ အဆုံးသတ်ကို သွားကြည့်လိုက်ရင်ပဲ ဖြစ်ဖြစ် အောက်ပါ ခြားနားချက်လေး (၂) ခုကို မြင်တွေ့လိုက်ရင်ပဲ ခင်ဗျားဟာ Google Inc. ကြီးရဲ့ လျှို့ဝှက်ချက် တစ်ခုကို သိရှိသူ စာရင်း ၀င်သွားပါပြီ။ ( ကျေးဇူး ပြု၍ ၎င်း လျို့ဝှက်ချက်အား မည်သူ့ကိုမျှ မပြောပါမည့် အကြောင်း သစ္စာဆိုပါ။ =P )
ကဲ ခင်ဗျားတို့ကိုတော့ ယုံပြီး ဒီ လျှို့ဝှက် ချက်ကို ကျွန်တော် ပြောလိုက်ပါပြီ။ ခင်ဗျားတို့ကိုလည်း ကျွန်တော် ဘယ်လောက် ယုံရမလဲ စောင့်ကြည့် ရပါဦးမယ်။ How to Use 2-email Addresses in Your Gmail Account ဒါကတော့ ဒီဆောင်းပါးရဲ့ နောက်ဆုံး လက်ဆောင် လေးပါပဲ။ မိမိရဲ့ Gmail သို့ Googlemail Account တစ်ခုဟာ ၂-မျိုးသော Address ကို Automatically အသုံးပြုလို့ရရှိပြီး ဖြစ်ကြောင်း ကျွန်တော် ပြောခဲ့ပြီးပါပြီ။ ဒီ Address နှစ်ခုကို ပိုပြီးတော့ Fitting ကျစေဖို့ နှင့် 2 in 1 e-mail address တစ်ခု အဖြစ် Spam Mail တွေရန်က ကာကွယ် အသုံးပြုနိုင်ဖို့ အောက်ပါ အတိုင်း ဆောင်ရွက် နိုင်ပါတယ်။ မိမိရဲ့ ပုံမှန် @Gamil.com ကို Publically သုံးတဲ့ Blog, Forum, Website Registration လုပ်တဲ့ နေရာများမှာ အသုံးပြုပါ။ Spam mail များ၊ မိမိမလိုအပ်တဲ့ မေးလ်များဟာ အဲဒီ နေရာတွေကပဲ အများဆုံး လာရောက်တာ ဖြစ်ပါတယ်။ နောက်ထပ် Address တစ်ခုဖြစ်တဲ့ @Googlemail.Com ကိုတော့ မိမိရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေရင်းချာတွေ ကိုပေးဖို့ နဲ့ Visiting Card တွေပေါ်မှာ ဖော်ပြဖို့ အတွက် အသုံးပြုပါ။ အဲဒီ အဆင့် ပြီးတဲ့ နောက်မှာ မိမိရဲ့ Gmail Inbox အတွင်းမှာ Filter တစ်ခု တပ်ဆင်ထားခြင်း အားဖြင့် မိမိရဲ့ Personal Mail မှန်သမျှနဲ့ အရေးကြီး Mail မှန်သမျှဟာ Folder တစ်ခု အတွင်းကို ၀င်ရောက် သွားမှာ ဖြစ်တဲ့ အတွက် မိမိအနေနဲ့ အရင်ကလို Spam Mail တွေ၊ FWD မေးလ် တွေကြောင့် အနှောင့် အယှက် ဖြစ်ရတာ တွေမှ ကင်းလွတ်သွားပါလိမ့်မယ်။ Gmail အတွင်း Filter တပ်ဆင်နည်းကို ဒီနေရာမှာ လေ့လာအသုံးပြုနိုင်ပါတယ်။ အားလုံးပဲ Googlemail + Gmail ညီနောင် နှစ်ဦးတို့နှင့် ကခုန် ပျော်ပါးနိုင်ကြပါစေ.
စာကြွင်း။ ။ ပြောဖို့ တစ်ခုကျန်သွားလို့ဗျာ. အပေါ်က Google in Myanmar Language ဆိုတာလေးက ကျွန်တော် ဖြစ်ချင်တာ ကို စိတ်ကူးယဉ်ပြီး ဒီက Script လေး အားကိုးနဲ့ ဖန်တီးထား ခြင်းသာ ဖြစ်ပါကြောင်း။
ရည်ညွန်းကိုးကား
|




