| Apple ကုမ္ပဏီကို တရားစွဲဆိုမှု ပယ်ချ |
|
O nline ရောင်းဝယ်ရေး အဖွဲ့အစည်း Psystar ၏ Apple ကုမ္ပဏီအပေါ် ယုံကြည်မှု အလွဲသုံးစားလုပ်မှုဖြင့် စွဲချက် တင်ထားမှု အား တရားရုံးက ပယ်ချ လိုက်ကြောင်းသိရသည်။ Mac OS သုံး ကွန်ပျူတာများအား Psystar က မူပိုင်ခွင့်ယူပြီး ရောင်းချရန် သဘောတူညီထားမှုအား Apple ဘက်မှ ဖောက်ဖျက် ခဲ့ကြောင်း Psystar က စွပ်စွဲထားသည်။ သို့သော်လည်း ပြည်ထောင်စု တရားရုံးက Apple အနေနှင့် ၎င်းတို့၏ ထုတ်ကုန် Mac ကွန်ပျုတာများအား စိတ်တိုင်းကျ ရောင်းဝယ်ခွင့် ရှိသင့်ကြောင်း ဆုံးဖြတ် ခဲ့သည်။ Psystar ၏ တောင်းဆိုမှုမှာ နည်းလမ်းမကျကြောင်း တရားသူကြီး ၀ီလျံအောလ်ဆွပ်က ပြောကြားခဲ့သည်။ အထူး သဖြင့် Psystarဘက်မှ လျှောက်ထားမှု အချက်အလက် များ သည် Apple ၏ ကိုယ်ပိုင် စီးပွားရေးကဏ္ဍအား လွှမ်းမိုးခြယ်လှယ်ရန် ကြိုးပမ်းနေသည်ဟု ယူဆသဖြင့် ၎င်းတို့ ၏ စွဲချက်ကို ပယ်ချလိုက်ကြောင်း အတည်ပြု ပြောဆိုသွားသည်။
|

