| Blackberry Touchscreen မိုဘိုင်းလ် ဖုန်း စတင် ထုတ်ဝေ |
|
B lackberry ၏ Touchscreen အသုံးပြု Storm မိုဘိုင်းလ်ဖုန်း အား စတင် ထုတ်ဝေ လိုက်ပြီ ဖြစ်သည်။ ကျွမ်းကျင်သူ များ က နိုဝင်ဘာလ (၁၄) ရက်နေ့က ဈေးကွက် အတွင်း ရောက်ရှိ လာသော
Storm 9730 မိုဘိုင်းလ်သည် နာမည်ကျော် Apple iPhone 3G အတွက် အဓိက ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာ နိုင်မ လားဟု စိတ်ဝင် တစား စောင့်ကြည့် နေကြ သည်။ ဒေါ်လာ(၂၀၀) တန် Storm သည် နောက်ထပ် နှစ်နှစ် အတွင်း ထပ်မံ ရရှိမည့် ၀န်ဆောင်မှု အသစ်များ အတွက် နောက်ထပ် ဒေါ်လာ (၅၀) ကျသင့် မည်ဖြစ်ပြီး Blackberry ဖောက် သည် မဟုတ်သူများကမူ Apple iPhone သည် ပိုမိုဒီဇိုင်းလှပကြောင်း ဝေဖန် နေကြ သည်။ Blackberry ကမူ ၎င်းတို့၏ ပထမဆုံး 3Gမျိုးဆက်
Touchscreeen မိုဘိုင်းလ်အပေါ် မျှော်လင့်ချက် အပြည့်အ၀ ထားရှိကြောင်း
ပြောဆို ခဲ့သည်။ Storm ကို ၀ယ်ယူအသုံးပြု သူများ သည် Touchscreen ရော၊
သာမန် Keyboard အရပါ အသုံးပြုနိုင်မည်ဟု Backberry က ဆိုသည်။ ထို့ပြင်
အင်တာနက် ရှာဖွေမှု နည်းပညာ ပိုင်း တွင် လည်း ထိပ်တန်း အဆင့်ထိ ရရှိမည်
ဖြစ်ကြောင်း Blackberry က ကြေငြာ ထား သည်ဟု သတင်း ရရှိသည်။
|

