Google Chrome Browser အညွှန်း
User Rating: / 4
PoorBest 

Click to enlarge

စက် တင်ဘာလ (၂) ရက်နေ့က Google သည် ၎င်း၏ Web Browser သစ် Chrome ကို ထုတ်ဝေခဲ့သည်။ မူလက Beta Version အဖြစ်သာ ထုတ်ဝေခဲ့ပြီး Microsoft ထုတ် Windows များနှင့် ကိုက်ညီအောင် ပြုလုပ် ထားသော်လည်း နောက်ပိုင်းတွင်မူ Mac နှင့် Linux ကွန်ပျုတာများ တွင်ပါအသုံးပြုနိုင်အောင် ဖန်တီးပေးခဲ့သည်။ Webkit ကို အခြေခံထားသော အဆိုပါ Google Chromeသည် Free Web Browserလေးတစ်ခု ဖြစ်သလို တဖြည်းဖြည်း လူသုံးများပြီး တွင်ကျယ်လာနေပြီဖြစ်သည်။

အဆိုပါ Browserအတွက် Googleက Featureများ ထည့်သွင်းပေးထားသည်။ ၎င်းတို့မှာ မြန်နှုန်းမြင့်ခြင်းနှင့် loadingအချိန် ကြာမြင့်မှု နည်းပါးခြင်းတို့ဖြစ်သည်။ ထို့ပြင် ကမ္ဘာတလွှားတွင် ထိုးဖောက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် malwareအမျိုးအစားများကို Updateဖြစ်အောင် ဖော်ပြထားသည်။ ထို့ပြင် Google Chrome၏ Start pageမှာ ရှင်းရှင်းလင်းလင်းနှင့် စိတ်ကျေနပ်စရာ ဖြစ်စေရန် ဖန်တီးပေးထားသည်။ Search Barကို အမြဲတမ်းအဆင်သင့် ပေါ်နေစေခြင်းကြောင့် Browserအသုံးပြုသူသည် အလွန်လွယ်ကူချောမွေ့စွာ ရှာဖွေမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။ ထို့ပြင် Tabတစ်ခုကို Dragဆွဲပြီး Windowsအသစ်တစ်ခု ဖွင့်နိုင်သလို Windowsတစ်ခုကို Dragဆွဲပြီး Chrome ၏ Tab တစ်ခုအဖြစ် အသုံးပြု နိုင်သည်။ Google Chrome ၏ အဓိက အားသာချက်တစ်ခုမှာ Function နှင့် Feature အတော်များများကို Drag & Drop နည်းဖြင့် အသုံးပြုနိုင်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် Download လုပ်ထားသော File တစ်ခုကို Drag ဆွဲပြီး ကြိုက်နှစ်သက်ရာ Folder ထဲသို့ အလွယ်တကူ ထည့်သွင်းနိုင်ရာ အဆင့်ဆင့် Copy ကူးခြင်း မျိုးကို မလိုအပ် တော့ချေ။ မှားယွင်းပိတ်မိသော Site များကိုလည်း အလွယ်တကူ ပြန်ကြည့်နိုင်ရန် List နှင့် စီပေးထားသောကြောင့် အသုံးပြုသူများ အဆင်ပြေ စေမည်ဖြစ်သည်။ ထို့ပြင် Desktop Shortcut များကိုလည်း Chrome အသုံးပြုပြီး ဖန်တီးနိုင်သေးသည်။ မိမိပုံမှန် ကြည့်ရှုနေကျ ၀က်ဘ်ဆိုက်များကို Shortcutအဖြစ် ဖန်တီးပေးထားသောကြောင့် Bookmark မှတ်ထား ခြင်းထက် ပိုမို ကောင်းမွန်သည်။

Chrome တွင် ပါဝင်သော Google Calculatorကလည်း စိတ်ကြိုက်တွက်ချက်မှုများ ပြုလုပ်နိုင်ရန် အဆင်သင့်ရှိနေပြီးဖြစ်သည်။ အသုံးပြုလိုသူသည် Google Chrome တွင် ပါဝင်သော Tab ကလေးကို နှိပ်လိုက်ရုံသာ။ ထို့ပြင် နောက်ထပ် တိုးချဲ့ပေးမည့် အသုံးပြုသူများနှင့် ကိုက်ညီနိုင်သော ၀န်ဆောင်မှုများကိုလည်း Googleက စောင့်ကြည့်နေသေးသည်။ ထို့ကြောင့်လည်း Chrome သည် အချိန်တိုတို အတွင်းမှာပင် အသုံးပြုသူများနှင့် သဟာဇာတဖြစ်ပြီး အောင်မြင်မှု ရရှိ လာခြင်းဖြစ်သည်။ လူတိုင်းသည် Google Chrome ကို အလွယ်တူ Download လုပ်ပြီး အသုံးပြုနိုင်သည်။ Chrome ကို အသုံးပြုခြင်းဖြင့် အင်တာနက် အတွေ့အကြုံတိုးမြင့်လာစေရန် ဆောင်ရွက်ပေးထားကြောင်း Google က ထုတ်ပြန်ကြေငြာထားကြောင်း သိရှိရသည်။
 

 

 
http://www.technical-seven.com/