Google ၏ Search Wiki အစီအစဉ်အပေါ် စိတ်ဝင်စားမှု နည်းပါး
User Rating: / 1
PoorBest 

Click to enlarge

Googleသည် ကမ္ဘာပေါ်တွင် အကောင်းမွန်ဆုံး အင်တာနက် Search Engine ဟူသော ဂုဏ်ပုဒ်လောက်နှင့် မကျေနပ်နိုင်သေးဘဲ User Experience အတွက် ပိုမိုကောင်းမွန်စေမည့် Search Wiki အစီအစဉ်ကိုလည်း အကောင်အထည်ဖော်ရန် အသည်းအသန် ကြိုးပမ်းခဲ့သည်။ အဆိုပါဝန်ဆောင်မှုအရ အချက်အလက် ရှာဖွေသူတစ်ဦးသည် ၎င်းရှာဖွေသော အကြောင်းအရာ၏ ယမန်နေ့ကအထိ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို Update ဖြစ်စေရန် လုပ်ဆောင်ထားသည်။ ထို့ပြင် အဆိုပါအချက်များကို User ဘက်မှ ဖြည့်စွက်ခွင့်၊ ပြင်ဆင်ခွင့်လည်း ပေးသွားရန် Google က စီစဉ်ထား သည်။

အသုံးပြုသုသည် ၎င်းပိုင် Google Account မှတဆင့် SearchWiki ကို အသုံးပြုနိုင်မည်ဟု Google က ကြေညာထားသည်။ သို့သော်လည်း သတင်းများအရ Google ၏ SearchWiki အစီအစဉ်မှာ အလွန်ကြီးမားသော အောင်မြင်မှုမျိုး ရရှိနိုင်ဖွယ်မရှိဟု သိရှိရသည်။ Google အနေနှင့် အဆိုပါ Feature သစ်အား မိတ်ဆက်သဘောမျိုး အသုံးပြုရန် စမ်းသပ် ကြေညာခဲ့ရာတွင် အင်တာနက်အသုံးပြုသူ အများစုက အဆိုပါ Featureသစ်အား အသုံးပြုရန် ဆန္ဒရှိ၊မရှိ မေးမြန်းသည့် Chat box ကို ပြန်ကြားသည့် အခါတိုင်း Yes ထက်စာလျင် No ဟူသော ပမာဏက သိသိသာသာ များပြားနေကြောင်း Google ၏ Blog တွင် ရေးသားထားသည်။

အင်တာနက် အသုံးပြုသူများသည် လက်ရှိ Search Enginre ၏ ၀န်ဆောင်မှုအပေါ် ကျေနပ်နေသောကြောင့် SearchWiki အပေါ် အာရုံသိပ်မစိုက်ကြသည့်တိုင် Google အနေနှင့် အဆိုပါ Feature အား ဆက်လက် ထည့်သွင်းပေးရန် အကောင်အထည် ဖော်သွားမည် ဟု သိရှိရသည်။
 

 

 
http://www.technical-seven.com/