Intel 915 Graphics Chipset များ Windows Vista တွင် အဆင်မပြေ
User Rating: / 0
PoorBest 

Click to enlarge

I ntelထုတ် 915 Graphics chipsetများအား Windows Vista တွင် အသုံးပြုရန် အဆင်မပြေ ဖြစ်နေမှုများအား Microsoft မှ အာရုံစိုက် ဖြေရှင်း ပေးသွားမည်ဟု သိရှိ ရသည်။ ထိုကုမ္ပဏီ နှစ်ခု က အဆင်မပြေမှုအတွက် တစ်ဖက် ကို တစ်ဖက် အပြစ်တင်ခဲ့သော်လည်း နောက်ဆုံးတွင်မူ တရားရုံးဆုံးဖြတ်ချက်အရ Intel နှင့် ကိုက်ညီမည့် အစီအမံမျိုး Microsoft ဘက်မှ ပြောင်းလဲ ပေးရန် သဘောတူ ခဲ့ရသည်။

 

ထိုသို့သော အခြေအနေအတွက် Microsoft ၏ အကြီးမားဆုံး IT လုပ်ငန်း လက်တွဲဖော် HP အနေနှင့် စိတ်အနှောင့်အယှက် ဖြစ်နေကြောင်းလည်း သိရသည်။ Vista ၏ User Interface အသစ်အတွက် ပူးပေါင်းကူညီခဲ့သော HP အနေနှင့် Intel ၏ Chipset များ Windows Vista နှင့် မကိုက်ညီမှုအတွက် ပြန်လည်ပြင်ဆင်ရာတွင် ပါဝင် ရဦးမည် ဖြစ်သည်။ အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်ရန် Microsoft ဘက်မှ ဒေါ်လာ(၇) သန်းနှင့် HP ဘက်မှ ဒေါ်လာ (၆.၈) သန်းခန့်ထိ အသီးသီး ကုန်ကျ ရဖွယ် ရှိကြောင်း သတင်း ရရှိ သည်။

 

 
http://www.technical-seven.com/