| Internet Explorer 8 ၂၀၀၉ ခုနှစ်အတွင်း ထွက်ရှိလာမည် |
|
Microsoft က ၎င်းတို့၏ Web Browser Version အသစ် Internet Explorer 8 အား (၂၀၀၉) ခုနှစ်အတွင်း စတင် ဖြန့်ဝေ သွားမည်ဟုအတည်ပြုခဲ့သည်။ IE8 အား ယခုနှစ်အတွင်း လုံးဝထုတ်ဝေမည် မဟုတ်တော့ကြောင်း Microsoft က အတည်ပြုလိုက်ပြီးနောက် IE8 စီမံကိန်း ဒါရိုက်တာ ဒိန်းဟတ်ချာမိုဗစ်ခ်ျက IE8 အား Beta Version အဖြစ် စမ်းသပ်ထားသည့် ကာလ ကိုလည်း အဆုံး သတ်တော့မည် ဟု ပြောဆိုခဲ့သည်။ ထို့ပြင် IE8 အား (၂၀၀၉)ခုနှစ် ပထမ(၃)လတာ ကာလအတွင်း ဖြန့်ချီမည်ဖြစ်ပြီး ထို Browser သည် Microsoft ၏ အကောင်းဆုံးသော Version လည်း ဖြစ်လာနိုင်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသွားခဲ့သည်။ Microsoft သည် IE8 အတွင်း လုံခြုံရေး Feature အသစ်တစ်မျိုး ထည့်သွင်းပေးထားပြီး Privacy Arena ဟု အမည်ပေးထားသည်။ ထို Feature သည် IE8 အသုံးပြုသူများ သီးသီးသန့်သန့် အသုံးပြုနိုင်ရန် ဖန်တီးထားခြင်းဖြစ်ကြောင်း သိရှိ ရသည်။ ထို့ပြင် Microsoft က IE8 ၏ Standard Mode အတိုင်း
အသုံးပြုမည်ဆိုပါက အချို့သော Enterprise ၀က်ဘ်ဆိုက်များကို
ကြည့်ရှုနိုင်မည်မဟုတ်ဟု Web Master များကို ကြိုတင်သတိပေးထားသည်။ ယခင်
Version ဟောင်းများနှင့်မတူဘဲ လုံခြုံရေးအတွက် စိတ်ကြိုက်ချိန်ညှိခွင့်
ပေးနိုင်ရေးအတွက် IE8 Setting များကို လိုအပ်သလို
ပြောင်းလဲသွားနိုင်ကြောင်း Microsoft က ထုတ်ဖော်ပြောဆိုသွားခဲ့သည်။
|

