Mac OS အသုံးပြုသူများ Antivirus တပ်ဆင် ရန်လို
User Rating: / 2
PoorBest 

Click to enlarge

A pple ကုမ္ပဏီက ၎င်းတို့ထုတ်လုပ်သော Mac OS ကို အသုံးပြုသူများအနေနှင့် Antivirus Software များ အသုံးပြုရန် နှိုးဆော် တိုက်တွန်း လိုက်သည်။ Apple ၏ Mac OS များ တိုက်ခိုက်ခံရမှုသည် Microsoft ထုတ် Windows OS များ နှင့် ယှဉ်လျင် များစွာ နည်းပါး နေသေးသော်လည်း hacker များ၏ ပစ်မှတ်ထား တိုက်ခိုက်မှု အား ကာကွယ်နိုင်ရန် Mac အသုံးပြုသူများအနေနှင့် Antivirus Softwareများ ၀ယ်ယူကြရန် Appleက နှိုးဆော်ခဲ့သည်။

Apple၏ ကြေငြာချက်အရ hackerများသည် Windows များလောက် Mac များကို စိတ်ဝင်စားမှု မရှိသေးခြင်းကြောင့် ကံကောင်း နေသေးသော်လည်း Mac တွင်ပါဝင်သည့် လုံခြုံရေး ဆိုင်ရာ အားနည်းချက် များကြောင့် စိတ်ချ ရသည့် အခြေအနေ မရှိသေးကြောင်း ပြောကြား ခဲ့သည်။ ထို့ကြောင့် Mac OS အသုံးချသူများ အနေနှင့် မိမိ နှင့်ကိုက်ညီသော Antivirus Software တစ်မျိုးမျိုးကို ရွေးချယ်ဝယ်ယူပြီး Install လုပ်ထားရန်အတွက် Apple က နှိုးဆော် ထားသည်။

 

 

 
http://www.technical-seven.com/