Mac OS X တွင် အသုံးပြုနိုင်မည့် Office Version ဖြန့်ချိ
User Rating: / 0
PoorBest 

Click to enlarge

M ac OS X တွင် အသုံးပြုနိုင်မည့် Office Version သစ်တစ်ခုကို Sun မှ ဖြန့်ချိ လိုက်ကြောင်းသိရှိရသည်။ StarOffice 9 ဟု အမည်ပေးထားသော အဆိုပါ Office သည် Document format များ၏ စွမ်းရည်ကို ပိုမိုတိုးတက် ကောင်းမွန်စေရန် ဖန်တီးထားသည်ဟု Sunကဆိုသည်။ Appleအသုံးပြုသူများသည် Document format များ အသုံးပြုရာတွင် အခက်အခဲများ ကြုံရမှု အတွက် ယခု Office အား ဖန်တီးခဲ့ခြင်းဖြစ်ပြီး Microsoft Office ကိုလည်း Support လုပ်နိုင်ကြောင်း သိရှိ ရသည်။

 

ထို့ပြင် PDF များကို ပြင်ဆင်နိုင်ခြင်း၊ Report များ ဖန်တီးနိုင်ခြင်း၊ Blog များနှင့် Wiki များ ထပ်မံဖြည့်စွက်နိုင်ခြင်း အစရှိသည့် အားသာချက်များလည်း StarOffice 9 တွင် ပါဝင်လာကြောင်း Sun က ကြေငြာသည်။ အဆိုပါ Office Version အား နိုဝင်ဘာလ (၁၇) ရက်နေ့မှစပြီး တရားဝင် ဖြန့်ချိ ထားကြောင်း သတင်း ရရှိသည်။

 

 
http://www.technical-seven.com/