| Microsoft ၏ Social Networking ၀န်ဆောင်မှု အသစ် |
|
M icrosoft က Windows Live ၀န်ဆောင်မှု များအတွင်း Social Networking ကို Feature အဖြစ် ထည့်သွင်းပေးသွားရန် စီစဉ်နေကြောင်း
သိရှိရသည်။ Software ကုမ္ပဏီကြီး Redmond, Wash က နောက်ဆုံးထုတ် Windows Web Live Service တွင် အဆိုပါ Feature သစ် ပါဝင်လာမည်ဟု အတည်ပြု သည်။ နာမည်ကျော် Facebook ကဲ့သို့ Social Networking ၀န်ဆောင်မှုမျိုး ဖြစ်လာမည်ဖြစ်ပြီး Microsoft ၏ ဖောက်သည်များအတွက် သန်းပေါင်း များစွာသော e-mailများ instant message များ ပေးပို့နိုင်အောင် ဆောင်ရွက်ပေးထားကြောင်း သိရသည်။ လာမည့် သီတင်းပါတ်များအတွင်း Microsoft အနေနှင့် ၎င်းတို့၏ ဖောက်သည်များထံမှ ပိုမိုအဆင်ပြေမည့် တိုက်ရိုက် ဆက်သွယ်မှု နည်းစနစ်များအတွက် အကြံဥာဏ်များ တောင်းခံသွားမည်ဖြစ်သည်။ Social Networking Feature သစ်နှင့်အတူ Twitter Update
များ၊ Fiickr ဓာတ်ပုံများနှင့် Yelp Review များကဲ့သို့ ရေပန်းစားသော
ဝန်ဆောင်မှုများကိုပါ တွဲဖက်အသုံးပြုနိုင်ရန် စီမံပေးထားမည်ဟု Microsoft က
ကြေငြာ ထားကြောင်း သတင်း ရရှိသည်။
|

