Microsoft Vista OS အတွက် တရား ရင်ဆိုင်နေရခြင်းမှ တရား သေလွတ်ရန်
User Rating: / 1
PoorBest 

Click to enlarge

Microsoftက Vista Capable အမှုအတွက် တရား ရင်ဆိုင် နေရခြင်းမှ တရားသေ လွတ်ကင်းခွင့်ပြုရန် တရားသူကြီးများ ထံတောင်းဆိုလိုက်သည်။ Microsoft မှ ရောင်းချသော အချို့Vista OS များသည် စွမ်းဆောင်ရည် အပြည့်အ၀ အသုံးချနိုင်ခြင်းမရှိဟူသော စွပ်စွဲချက်ဖြင့် ၀ယ်ယူသုံးစွဲသူ အချို့တို့က Microsoftအား တရားစွဲဆို ထားကြခြင်း ဖြစ်သည်။ တရားလိုများဘက်မှ Vista ၏ ချွတ်ယွင်းချက်များအား အပြည့်အ၀ သက်သေ ပြနိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ သတ်မှတ်ထားသော လိုင်စင်ကြေး အပြည့်အ၀ ပေးဆောင်ထားပြီး Full Version သုံးစွဲခွင့် မရရှိခြင်းမှာ လိမ်လည်မှုဖြစ်ကြောင်း အသုံးပြုသူများဘက်မှ စွပ်စွဲ ပြောကြား ထားသည်။

Microsoft ကမူ စွပ်စွဲချက်များကို ငြင်းဆန်ထားသလို တရားခွင်ပိတ်သိမ်းရန် တောင်းဆို ခဲ့သည်။ OS ၀ယ်ယူ အသုံးပြုသူများ က Vista အား ကြေငြာထားသည့် Vista Capable Marketing Program ကဲ့သို့သော ၀န်ဆောင်မှုများ မပါရှိကြောင်း အတိအလင်း စွပ်စွဲထားကြသည်။ Vista အတွက် ပေးရသော ကျသင့်တန်ဖိုးမှာ ကြီးမားသော်လည်း ထိုက်တန်သည့် တုန့်ပြန်မှုမျိုး မရရှိသည့်အတွက် မကျေနပ်နိုင်ကြောင်း ကွန်ပျုတာ ၀ယ်ယူ သူများက ပြောကြား ခဲ့သည်။

လက်ရှိအနေအထားအရ Microsoft မှာ Vista အတွက် အခက်အခဲ အမျိုးမျိုးနှင့် ရင်ဆိုင်နေရပြီး ကွန်ပျုတာ ထုတ်လုပ်သူများ၏ Vista အားနည်းချက်များအပေါ် ဝေဖန်ထောက်ပြမှုများမှာလည်း Microsoft အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့ကြောင်း သတင်းရရှိသည်။
 

 

 
http://www.technical-seven.com/