Mouse ကလေးများ၏ အသက်(၄၀) ပြည့် မွေးနေ့
User Rating: / 7
PoorBest 

သတင်းဓါတ်ပုံ (ဓာတ်ပုံ - ဂိုလ်ဂယ်)

 

ကျွန်ုပ် တို့ လုပ်ငန်းခွင် ဆိုင်ရာ အသုံးပြု နေသည့် Mouse ကလေးများ ၏ သမိုင်း အဖြစ် အပျက် အား သိကြ ပါသလား။ ကွန်ပျူတာ လောက တွင် အလွန် အသုံးဝင် သည့် Mouse ဆိုသော Hardware လေး ပေါ်ပေါက် လာသည်မှာ နှစ်ပေါင်း (၄၀) မျှ ကြာမြင့် ခဲ့ပြီ ဖြစ်ပါ သည်။ (၁၉၆၃) ခုနှစ်တွင် ကွန်ပျူတာ နှင့် ထိတွေ့ နိုင်ရေး လွယ်ကူ ချောမွေ့ စေမည့် ရည်ရွယ် ချက်ဖြင့် ကိရိယာ တစ်ခု ကို စတင် စဉ်းစား လာကြ သည်။

 

ယနေ့ခေတ် Mouse များ ဘိုးအေဟု ဆိုနိုင်မည့် ကမ္ဘာ့ ပထမဆုံး Mouse လေးအား (၁၉၆၈) ခုနှစ်က စတင် အသုံးပြု ခဲ့ပြီးနောက် ဒီဇင်ဘာလ (၉) ရက်နေ့တွင်မူ နှစ်ပေါင်း (၄၀) တင်းတင်း သက်တမ်း ရှိသွား ပြီဖြစ်သည်။ ကွန်ပျူတာ တိုးတက်မှု သမိုင်းစဉ်ကြီး၏ အရေးပါသော တီထွင်မှုလေး တစ်ခုဖြစ်သော Mouse ကလေးကို စတန်းဖို့ဒ် သုတေသန အဖွဲ့က စိတ်ကူး တီထွင် ခဲ့ခြင်း ဖြစ်သည်။

ယနေ့ခေတ် ကျွန်ုပ်တို့လက်တွင် ရွေ့လျား ပြေးလွှားနေသော Mouse ကလေးများတွင် အန်ဂယ်လ်ဘတ် ၏ စိတ်ကူးစိတ်သန်းဖြင့် ပြုလုပ် ထားသော အခြေခံနည်းစနစ်များကို အသုံးပြုထားဆဲပင်။ (၁၀)စုနှစ် (၄)ခုအား ကျော်ဖြတ် နိုင်ခဲ့ပါပြီ။ နည်းပညာများ မြင့်မားလာခြင်းနှင့်အတူ Mouse များ၏ အခန်း ကဏ္ဍမှာ လည်း မှေးမှိန် ပျောက်ကွယ် သွားနိုင်ကြောင်း ပညာရှင်များ က ခန့်မှန်း ထားကြသည်။

သို့သော်လည်း ကမ္ဘာပေါ်တွင် အရေအတွက် သန်းပေါင်းများစွာ ရှိနေ သေးသည့် Mouse ကလေး တွေကတော့ နှစ်ပေါင်း (၄၀) ပြည့် မွေးနေ့ ထိ ဆက်လက် ချီတက် နေဆဲ ပင်။ “Happy Birthday ပါ Mouse ကလေးတို့ ရေ”။

alt
 
http://www.technical-seven.com/