Social ဝက်ဘ်ဆိုက်များ သုံးခြင်း ကြောင့် ဆယ်ကျော်သက် များ
User Rating: / 1
PoorBest 

Click to enlarge

မူလ က ထင်မှတ်ထား သကဲ့သို့ ဆယ်ကျော်သက်များ ၏ အင်တာနက် Social ဆိုက်များ အသုံးပြု နေခြင်း သည် ဆိုးရွားသော အခြေအနေ တစ်ရပ် မဟုတ် နိုင်ကြောင်း မက်အာသာ ဖောင်ဒေးရှင်း က ကြေငြာခဲ့သည်။ မိဘများ စိုးရိမ်နေမှု အတွက် လူငယ်များ၏ Social Networking အပေါ် သဘောထားများ အား စစ်တမ်း ကောက်ယူကြည့်ရာ လူငယ် အများအပြား က လိင် အသားပေး စိတ်ဓာတ်မျိုးဖြင့် အသုံးပြုနေကြခြင်း မဟုတ်ဟု သိရှိ လာရ သည်။

 

အဓိကအားဖြင့် ဆယ်ကျော်သက်များသည် Instant messagingအတွက် Socialဆိုက်များကို အသုံးများ ကြကြောင်း ဖောင်ဒေးရှင်း ၏ စစ်တမ်းအရ သိရသည်။ ထို့အပြင် အချို့ကလည်း Social၀ က်ဘ်ဆိုက်များကို သင်ယူရေး မီဒီယာသစ် တစ်ခုသဖွယ် သဘောထား နေကြသည်။ တစ်ကမ္ဘာလုံး တွင် ရှိနေကြသော လူငယ် အများစု သည် Myspace ကဲ့သို့သော Social Networking ၀န်ဆောင်မှုများမှ အင်တာနက် အသုံးပြုမှု စွမ်းရည်များ တိုးတက် လာကြ ကြောင်း သိရှိ ရသည်။ ယခု စစ်တမ်းကို (၂၀၀၅) ခုနှစ်မှ ယခုနှစ် နွေရာသီကာလ အထိ ကောက်ယူ ထားခြင်း ဖြစ်ပြီး ရာခိုင်နှုန်းများ ဖြင့် အတိ အကျ ဖော်ပြ ထားမှုမျိုး မပါ ရှိကြောင်း သိရှိ ရသည်။
 

 

 
http://www.technical-seven.com/