Windows Live OneCare ကို Landscape အဖြစ် ပြောင်းလဲ
User Rating: / 1
PoorBest 

Click to enlarge

၀၀၆ ခုနှစ်ကတည်းက စတင်ထုတ်ဝေခဲ့သော Microsoft ၏ ထုတ်ကုန် Windows Live OneCare သည် Antivirus Landscape တစ်ခုအဖြစ် ပြောင်းလဲ လိုက်ပြီဖြစ်သည်။

နိုဝင်ဘာလ(၁၈)ရက်နေ့မှစပြီး အဆိုပါ Software ရောင်းချနေမှုကို ရောင်းချလိုက်ပြီဖြစ်ပြီး Morrorဟု Code Name ပေးထားသော Free Version တစ်မျိုးကို (၂၀၀၉)ခုနှစ်၊ ဇွန်လမှစတင်ပြီး ဖြန့်ချီသွားမည်ဟု Microsoft က ထုတ်ပြန်ကြေငြာသည်။ ရိုမေးနီးယားနိုင်ငံ အခြေစိုက် Antivirus ကုမ္ပဏီ GeCad အား လွန်ခဲ့သော (၅)နှစ်က ၀ယ်ယူလိုက်ပြီး ကတည်းက Software ထုတ်လုပ်ရေး ဧရာမ ကုမ္ပဏီကြီး ဖြစ်သော Microsoft အနေနှင့် ၎င်း၏ Windows များအတွင်း Malware များ ထိုးဖောက်ဝင်ရောက်မှုအား ကာကွယ်တားမြစ်နိုင်ရေး အရှိန်မြှင့် ကြိုးပမ်း လာခဲ့သည်။

 

Microsoft အနေနှင့် နောက်ထွက်မည့် Windows Version များတွင် အဆိုပါ Antivirus System ကို တပါတည်း ပေါင်းထည့်ပေးသွားရန် ရည်ရွယ်ထားပြီး ပြင်ပတွင်လည်း သီးခြား Antivirus Software အဖြစ် ရောင်းချသွားရန် ရည်ရွယ်ထားသည်။ OneCare သည် ကွန်ပျူတာ (၃)လုံးစာအတွက် ဒေါ်လာ(၅၀)မျှသာ ကျသင့်မည်ဖြစ်သောကြောင့် နာမည်ကျော် Antivirus Software ကုမ္ပဏီကြီးများဖြစ်သော Symantec၊ McAfee စသည်တို့ထက် ဈေးနှုန်း သက်သာမည်ဟု လည်း သိရှိ ရသည်။

 

 
http://www.technical-seven.com/