မင်္ဂလာပါ...
ဖြစ်ပေါ်ပြောင်းလဲမှုတို့ မြန်ဆန်လွန်း လှသော သတင်း နည်းပညာ ခေတ်တွင် နေထိုင် ရသည့် ကျွန်တော်တို့ အတွက် ထို နည်းပညာ၏ ဆွဲဆောင်မှု ၊ လိုအပ်ချက် နှင့် ၄င်းမှ ရရှိသော အကျိုးအပြစ် တို့မှာလည်း များပြား လှပါ၏။ ဆွဲဆောင် မှုသို့ လိုက်ပါရင်း လိုအပ်ချက် ( ဤနေရာတွင် စိတ်ဆန္ဒ၏ လိုအင် မဟုတ် ၊ လက်ရှိ ဘ၀ နယ်ပယ် တွင် အသုံးချ ရေးဆိုင်ရာ လိုအပ်ချက် ကို ဆိုလို၏ )ကို ရယူ အသုံးချ တတ်စေရန် အလွန် အရေးကြီး လှပါသည်။ ၄င်း အတွက် ကျွန်တော်တို့ ဘာတွေ လုပ်ကြမလဲ။
များ မကြာသေး မှီက မြန်မာနိုင်ငံ တွင် အင်တာနက် အသုံးပြုသူ များပြား လာသည့် နည်းတူ အင်တာနက် ကဖေးများ ၊ ဆိုက်ဘာ ကဖေးများ လည်း တိုးတက် များပြား လာလျက်ရှိ ကြောင်း ကြား သိရ ပါ သည်။ တဆက်တည်း မှာပင် ၄င်း အင်တာနက် ကဖေးဆိုင်များ မှ ကောက်ယူ ရရှိ သော စစ်တမ်း တစ်ရပ်၏ အဆိုအရ အင်တာနက် အသုံးပြု သူများ ၏ ၉၀% သည် လူငယ်များ ဖြစ်ကြပြီး အင်တာနက် ကို အသုံးချရာ တွင် အများစုမှာ ချတ်ရွမ်းများ သို့ ၀င်ရောက်ခြင်း ၊ ~Censored~ ၀ဘ်ဆိုက်များ ကို ရှာဖွေခြင်း စသည်တို့ အတွက်သာ အများဆုံး အသုံးချ လျက်ရှိကြောင်း သိရှိရပါသည်။
အရာရာ ကိုသိလိုစိတ်ဖြင့် စူးစမ်းကြသည် ကို အပြစ် ဆိုရန် မရှိပါ။သို့သော် စူးစမ်းမှု မှရရှိသော အကျိုး အပြစ်တို့ကို ခွဲခြမ်း စိတ်ဖြာ၍ အသုံးချ တတ်ရန်ကား အရေးကြီး ပေသည်။ သို့မဟုတ်က အဖိုးတန် လှသော မိမိ ၏ အချိန်နှင့် အင်တာနက် အား အကျိုးမဲ့ ဖြုန်းတီး ရာ ရောက် ပါလိမ့်မည်။
ကျွန်တော်တို့ အနေဖြင့် အင်တာနက် အပေါ်တွင် မြန်မာ လူငယ်များ ၏ အဓိပ္ပာယ် သတ်မှတ် ချက်ကို ပိုမို လေးနက် လာ စေရန် အထောက် အကူ ပေးသွားဖို့ ရည်ရွယ်ပါသည်။ အခြေခံ မှစတင်ကာ အသုံးချ ဆိုင်ရာ ပညာများ အထိ မိမိတို့ အချင်းချင်း ဖလှယ်ရင်း သင်ယူ သွားကြပါမည်။ ထိုမှတဆင့် နိုင်ငံ တကာရှိ လူငယ်များ နှင့် တန်းတူ နည်းပညာ ဆိုင်ရာများ ကို တိုးတက်စွာ လေ့လာ စူးစမ်းမှု ပြုကြမည့် နည်းပညာ ဆိုင်ရာ လက်တွေ့ အသုံးချ နေရာ တစ်ခုအဖြစ် စုပေါင်း တည်ဆောက် သွား ကြမည် ဖြစ်ပါသည်။
ဤနေရာ တွင် လူငယ်တိုင်း ၌ အရာရာ ကိုသိလို စိတ်များ ၊ လေ့လာ စူးစမ်း လိုစိတ်များ ပြည့်နှက် လျက်ရှိသည်ကို နားလည်ပြီး ဖြစ်သည့် အားလျော်စွာ ထိုသို့သော စူးစမ်း လိုစိတ်များ အတွက် မှန်ကန်သော လမ်းကြောင်း တစ်ခုကို မိမိတို့ လူငယ်များ အချင်းချင်း လက်တွဲ ခေါ်ယူသွား ကြဖို့ လိုအပ် ပါမည်။ လေ့လာမှု သည် အောင်မြင်မှု ၏ အဓိက ဇစ်မြစ် ဖြစ်သော် လည်း ထိုသို့သောေ လ့လာလို စိတ် ဖြစ်ပေါ်လာ စေရန် တွန်းအား တစ်ရပ် လို၏။ ထို တွန်းအား ကို မြန်မာ လူငယ် များ အားလုံး သို့ မြန်မာ လူငယ်များ အချင်းချင်း ထိရောက် အောင်မြင်စွာ ၊ ရင်းနှီး ပွင့်လင်းစွာ ပေးသွား ရမည့် နေရာတစ်ခု အဖြစ် သတ်မှတ် စေလိုသည်။
ဖိုရမ် မှဆွေးနွေးချက်များ
- Windows Operating Systems မှာ နောက်ဆုံး ပြောခဲ့ သူက လမ်းပြ
- phpBB မှာ မြန်မာလို ပေါ်အောင်ဘယ်လိုလုပ်ရသလဲသိချင်လို့ပါ မှာ နောက်ဆုံး ပြောခဲ့ သူက လမ်းပြ
- E-Book request မှာ နောက်ဆုံး ပြောခဲ့ သူက sithu88
- Knight Rider (2008) မှာ နောက်ဆုံး ပြောခဲ့ သူက အာဒီနဝ
- Serial & Crack Keys For Free မှာ နောက်ဆုံး ပြောခဲ့ သူက ko paw mg
- Accounting E-Book မှာ နောက်ဆုံး ပြောခဲ့ သူက wayykhun
- အဗီရာ အင်တီဗိုင်းရပ်ဆော့ဝဲလေးလိုချင်ပါတယ်ဗျာ။တင်ပေးပါ မှာ နောက်ဆုံး ပြောခဲ့ သူက thawthar
-ွကူညီကြပါ မှာ နောက်ဆုံး ပြောခဲ့ သူက tinmyoaung
- မာဃဒေ၀ ကျမ်းစာ မှာ နောက်ဆုံး ပြောခဲ့ သူက tinmyoaung
- ဒုတ်ခသည်ပါ ကူညီကြပါ မှာ နောက်ဆုံး ပြောခဲ့ သူက mttwin
How We Work
- ကနောင် သည် “ဒြပ်မဲ့အဖွဲ့” ဖြစ်သည့် အားလျော်စွာ မည်သည့် ရုံးခန်း နေရာ ထိုင်ခင်း မှ ရှိမည် မဟုတ်။ ကနောင် ရှိ အဖွဲ့ဝင် အားလုံး တို့သည် မိမိ နေထိုင်ရာ အိမ်မှ ပင် အားလုံး အလုပ်လုပ် ကြမည် ဖြစ် သည်။
- ကနောင် သည် မည်သည့် အလုပ် ကိစ္စ အတွက် မဆို အဖွဲ့ဝင် အချင်းချင်း အင်တာနက် မှ တဆင့်သာ အီးမေးလ် ဖြင့် သော် လည်းကောင်း၊ IM (Instant Messenger) များဖြင့်သော် လည်းကောင်း ဆက်သွယ် ပြောဆို ဆောင်ရွက် ပါသည်။
- ကနောင်ရှိ အဖွဲ့ဝင်များ၏ လုပ်ဆောင်ချက် များ အနေဖြင့် မည်သည့် အချိန်တွင် ပြီးသည် အစား ၊ မည်သည့် အရာပြီး မြောက် သည် ဆိုသည် ဖြင့်သာ သတ်မှတ် ပါသည်။ အဘယ်ကြောင့် ဆိုသော် အရှေ့၊ အနောက် ကမ္ဘာအနှံ့အပြား နေထိုင်ကြသည့် အဖွဲ့ဝင်များ အနေဖြင့် အချိန် သတ်မှတ်ချက် ဖြင့် အလုပ်ပြီး မြောက် ခြင်းအား တိုင်းတာ သတ်မှတ် ရန် ခက်ခဲခြင်း ကြောင့် ဖြစ်သည်။
- “ကနောင်” ရှိအဖွဲ့ဝင် အချင်းချင်း အချိန်ပြည့် ဆက်သွယ်မှု ရရှိ စေရန် စနစ် တစ်ခု အား လည်း အသင့် တည်ဆောက် ထား ပြီး ဖြစ်သည်။
- မည်သည့် အလုပ် ကိစ္စ (Projects) အတွက် မဆို “ကနောင်” ရှိ အပိုင်း လိုက် အသီးသီး တာဝန်ယူ ထား သူများ ၏ စုပေါင်း ဆုံးဖြတ်ချက် ဖြင့် အကောင်းဆုံး ဖြစ်အောင် စုပေါင်း ဆောင်ရွက် ကြပါ သည်။
| What is Professional Blogging? |
|
အင်တာနက် ကမ္ဘာဦး၊ ကွန်ယက် စာမျက်နှာများ ၏ မူလ နှင့် ၀ဘ်ဘလော့ဂ်တို့ သမိုင်း
၁၉၉၁ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့၊ CERN အဖွဲ့ကြီးကနေ ပြင်သစ်နှင့် ဆွစ်ဇာလန် နှစ်နိုင်ကြား နယ်စပ် တစ်နေရာမှာ World Wide Web အမည်ရတဲ့ ကမ္ဘာလုံး ဆိုင်ရာ ကွန်ပြူတာများ အချင်းချင်း ကွန်ယက် သဖွယ် ချိတ်ဆက် အသုံးပြုနိုင်သော Project တစ်ခုကို၊ အင်္ဂလိပ်လူမျိုး ပညာရှင် Tim Berners-Lee ရဲ့ ကမ္ဘာ့ပထမဆုံး World Wide Web စာမျက်နှာ တစ်ခုနှင့် အတူ လူထုထံ စတင် မိတ်ဆက် ခဲ့ပြီးနောက် ၁၉၈၅ ခုနှစ်မှာ National Science Foundation (United State) ကောင်းမှုနဲ့ စတင် သန္ဓေတည်ခဲ့တဲ့ TCP/IP သုံး ကွန်ယက် စနစ် ဟာ Internet ဆိုသော ကမ္ဘာလုံးဆိုင်ရာ ကွန်ယက် စနစ်ကြီးတစ်ခု အဖြစ် မည်သူမဆို ၀င်ရောက် ချိတ်ဆက် အသုံးပြုနိုင်သော၊ သတင်းစာ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့ ပြီးနောက် စတုတ္ထမြောက် သတင်းနှင့် ပြန်ကြားရေး နည်းပညာ ရပ်ဝန်း တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့ပြီး ယနေ့ခေတ် အခါမှာတော့ အလွန်အမင်း လျင်မြန်စွာ ပေါက်ကွဲ ကြီးထွား လျက်ရှိသော ကွန်ယက်ကြီး တစ်ခု အဖြစ် သာမကပဲ ကွန်ပြူတာများ၊ Mobile Devices များမှာပါ ၀င်ရောက် ချိတ်ဆက် အသုံးပြု နိုင်သော မရှိမဖြစ် ဆက်သွယ်ရေး ကြားခံနယ် တစ်ခု ဖြစ်လာပါတယ်။
Internet World Stats ရဲ့ ၂၀၀၈ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ ကောက်ယူ ခဲ့တဲ့ စစ်တမ်း တစ်ရပ်အရ ယနေ့ အင်တာနက် ကမ္ဘာမှာ အသုံးပြုသူ ဦးရေ ၁.၄၀၇ ဘီလီယံ ရှိသွားပြီ လို့ဆိုပါတယ်။ အင်တာနက် ခေတ်ဦးကာလက အဓိက အားဖြင့် Research Center ကြီးများနှင့် အစိုးရ အဖွဲ့အစည်း တွေမှာ ဒေတာတွေ၊ သတင်းအချက် အလက်တွေကို တစ်နေရာမှ တစ်နေရာကို လွယ်ကူစွာ လွဲပြောင်း ပေးနိုင်သော ကြားခံ ဆက်သွယ်ရေး ပစ္စည်းတစ်ခု အဖြစ် အသုံးချ ရန်သာ ရည်ရွယ်ခဲ့ကြတာ ဖြစ်ပါတယ်။ World Wide Web ပေါ်လာပြီးတဲ့ နောက် အင်တာနက် ဟာ ဒေတာတွေကို လွဲပြောင်းရေး အတွက်သာ မကတော့ ပဲ သတင်းနှင့် ပြန်ကြားရေး ပစ္စည်းတစ်ခု အဖြစ်ပါ စတင် အသုံးချလာခဲ့ကြပါတယ်။ ကွန်ယက် စာမျက်နှာ တွေ (Web Sites) ကို အစဦးကလက အစိုးရတွေ၊ အဖွဲ့အစည်းတွေ၊ သုတေသန ဌာနတွေရဲ့ ထုတ်ပြန်ချက်၊ သတင်းနှင့် လုပ်ဆောင်မှု စတာတွေကို ဖြန့်ချီဖို့ စတင် အသုံးပြု ခဲ့ကြပြီး နောက်ပိုင်းမှာ ကော်ပိုရေးရှင်း ကြီးတွေ၊ စီးပွားရေး ကုမ္ပဏီကြီးတွေ ကပါ သူတို့ရဲ့ ထုတ်ကုန် ပစ္စည်းတွေကို အရောင်းမြှင့်တင်ဖို့၊ ကုမ္ပဏီရဲ့ မူဝါဒတွေ၊ စည်းမျဉ်း စည်းကမ်း တွေကို သတင်းပြန်ကြားဖို့ စတာတွေ အတွက် အသုံးပြုလာ ကြပါတယ်။ နောက်တစ်ဆင့် အနေနဲ့ ကွန်ယက် စာမျက်နှာတွေကို ကိုယ်ရေးကိုယ်တာ ဆိုင်ရာအတွက် သီးသန့် အသုံးပြု လာကြသူ တွေကတော့ နယ်ပယ် အသီးသီးက နာမည်ကြီး ကျော်ကြားသူ များ ဖြစ်ကြပါတယ်။ သူတို့ရဲ့ ပရိတ်သတ်တွေ၊ အားပေးသူ တွေကို သူတို့ လက်ရှိမှာ ဘာတွေ လုပ်နေတယ် ဆိုတာတွေ ကို သတင်းပေးဖို့၊ ပရိတ်သတ်တွေရဲ့ ရင်းနှီးမှုအားပေးမှု စတာတွေကို ပိုမိုဆွဲဆောင်နိုင် ဖို့အတွက် Personal ဆိုင်ရာ စာမျက်နှာများ အဖြစ် စတင် အသုံးချလာ ကြတာ ဖြစ်ပါတယ်။ ယနေ့ခေတ် အခါမှာတော့ Social Networking ဆိုင်ရာ စာမျက်နှာ တွေမှာ လူတိုင်း မိမိ ဘယ်သူဆိုတာ၊ ဘာလုပ်တယ် ဆိုတာ စတဲ့ ကိုယ်ရေးကိုယ်တာ ဆိုင်ရာ ဒေတာတွေ ကို အခမဲ့ ဖော်ပြနိုင်ရုံမျှမက အဲဒီ ကွန်ယက် စာမျက်နှာ တွေက တစ်ဆင့် မိမိနှင့် စိတ်တူ၊ ၀ါသနာ တူသူတွေ အချင်းချင်း ပညာရပ်ဆိုင်ရာ၊ စိတ်ကူး စိတ်သန်း တွေကို လွတ်လပ်စွာ ဆွေးနွေး ဖလှယ်ပြီး မိတ်ဆွေဖွဲ့နိုင်ကြပါပြီ။
ဘလော့ဂ် (Blog -အရှည်အားဖြင့် Web Log) ၊ တြိယာ ပုဒ်အားဖြင့် ပြုပြင်ထိန်းသိမ်းသည် (သို့) အကြောင်း အရာများကို ထပ်ပေါင်းသည် လို့ အမည်ရတဲ့ ကွန်ယက် စာမျက်နှာ အမျိုးအစား တစ်မျိုးကို အင်တာနက် တစ်ခွင်လုံးဆိုင်ရာ လွတ်လပ်သော အဘိဓာန် မှာအောက်ပါအတိုင်း အဓိပ္ပါယ် ဖွင့်ထားပါတယ်။
အပေါ်က စကားစုတွေ ကတော့ ယခင့်ယခင် ဘလော်ဂါ အစဉ်အဆက်ရော၊ ဒီနေ့ ခေတ် တော်တော် များများ သော ဘလော်ဂါတွေ ပါ သိကြတဲ့ ဘလော့ဂ် ဆိုင်ရာ အဓိပ္ပါယ် သတ်မှတ်ချက် တစ်ခုဖြစ်ပါတယ်။ ယနေ့ နောက်ဆုံးပေါ် ဘလော့ဂ် အတွက် အဓိပ္ပါယ် သတ်မှတ်ချက် အသစ်ကတော့ Better Listing On Google ပါတဲ့။ Digital Inspiration ရဲ့ အလိုအရဖြစ်ပါတယ်။
ဒီနေရာမှာ မှတ်သားဖွယ် တစ်ခုကတော့ “weblog” ဆိုတဲ့ စကားလုံးကို Jorn Barger ဆိုတဲ့ ပုဂ္ဂိုလ်က ဒီဇင်ဘာ ၁၇ ရက်နေ့၊ ၁၉၉၇ ခုနှစ်မှာ စတင်တီထွင် သုံးစွဲခဲ့ပြီး “blog” ဆိုတဲ့ အသုံးအနှုံးကိုတော့ Peter Merholz ဆိုသူက သူ့ ဘလော့ဂ် ရဲ့ ဆိုဒ်ဘားမှာ “we blog” ဆိုတဲ့ အသုံးအနှုန်း တစ်ခုကို ၁၉၉၉ ခုနှစ်ရဲ့ မေ လ နှင့် ဧပြီလ တစ်ခုခုမှာ စတင် ဖော်ပြခြင်း ကနေ အစပြုခဲ့တယ် လို့ဆိုပါတယ်။ Blog တွေရဲ့ မူလ အစမှာတုန်းက ဒီဂျစ်တယ် အဖွဲ့အစည်း တွေ အနေနဲ့ လူတစ်ဦးနှင့်တစ်ဦး မိမိကိုယ်ကို လျင်လျင်မြန်မြန် ဖော်ပြဖို့ အတွက်ရော၊ ဆက်ဆံဆွေးနွေးခြင်း လျင်မြန်လွယ်ကူ ဖို့အတွက်ပါ Bulletin Board Systems တွေ၊ e-mail lists တွေနှင့် Internet forum ကဲ့သို့သော ပုံသဏ္ဍာန် အမျိုးမျိုးကို စမ်းသပ် သုံးစွဲခဲ့ကြပါတယ်။ တစ်ကယ်တန်း မော်ဒန် ဘလော့ဂ်တွေရဲ့ စတင် မွေးဖွားရာ ကတော့ online diary တွေက စတယ် လို့ပြောရမှာပါပဲ။ ဒီ အွန်လိုင်း နေ့စဉ်မှတ်တမ်း ကို အဲဒီခေတ်ကာလ (၁၉၉၄ ၀န်းကျင်) က များသောအားဖြင့် ဂျာနယ်လဇ် တွေ၊ သတင်းထောက်တွေ စသူတို့ ပဲရေးကြတာပါ။ Justin Hall တို့ကဲ့သို့သော ပုဂ္ဂိုလ် မျိုးတွေပါ။ ကျောင်းသား ဘ၀ ၁၉၉၄ ခုနှစ်မှ စတင်ကာ Blog စရေးခဲ့သူ ဖြစ်တဲ့ အတွက် ဘလော့ဂ် လောကရဲ့ ကနဦး ဘလော်ဂါများ စာရင်းမှာ လည်းပါဝင် သူတစ်ဦး ဖြစ်ပါတယ်။ အဲဒီကနေစလို့ နောက်ပိုင်း ကာလများမှာတော့ WordPress, Movable Type, Blogger နှင့် LiveJournal တို့ကဲ့သို့သော Blogging Software တွေကို လူအများ လွတ်လပ်လွယ်ကူ စွာ သုံးစွဲနိုင်လာကြပြီး သကာလမှာ အင်တာနက် လောကထဲ Blog ဆိုသော စကားလုံးက ရေပန်း အစားဆုံး စကားလုံး စာရင်းဝင်လာပါတော့တယ်။ Blog လောကကြီး ပိုမို ကြီးထွား လာစေဖို့ Blogging Community ကြီးတွေရဲ့ အသီးသီး မွေးဖွားမှု မှတ်တမ်း သမိုင်းကို ကြည့်မယ် ဆိုရင် ဒီလိုတွေ့ရမှာပါ။
ဆက်ပါဦးမည်.
ရည်ညွှန်းကိုးကား ၁။ Wikipedia ( Internet, Website, Blog )
|





