မင်္ဂလာပါ...
ဖြစ်ပေါ်ပြောင်းလဲမှုတို့ မြန်ဆန်လွန်း လှသော သတင်း နည်းပညာ ခေတ်တွင် နေထိုင် ရသည့် ကျွန်တော်တို့ အတွက် ထို နည်းပညာ၏ ဆွဲဆောင်မှု ၊ လိုအပ်ချက် နှင့် ၄င်းမှ ရရှိသော အကျိုးအပြစ် တို့မှာလည်း များပြား လှပါ၏။ ဆွဲဆောင် မှုသို့ လိုက်ပါရင်း လိုအပ်ချက် ( ဤနေရာတွင် စိတ်ဆန္ဒ၏ လိုအင် မဟုတ် ၊ လက်ရှိ ဘ၀ နယ်ပယ် တွင် အသုံးချ ရေးဆိုင်ရာ လိုအပ်ချက် ကို ဆိုလို၏ )ကို ရယူ အသုံးချ တတ်စေရန် အလွန် အရေးကြီး လှပါသည်။ ၄င်း အတွက် ကျွန်တော်တို့ ဘာတွေ လုပ်ကြမလဲ။
များ မကြာသေး မှီက မြန်မာနိုင်ငံ တွင် အင်တာနက် အသုံးပြုသူ များပြား လာသည့် နည်းတူ အင်တာနက် ကဖေးများ ၊ ဆိုက်ဘာ ကဖေးများ လည်း တိုးတက် များပြား လာလျက်ရှိ ကြောင်း ကြား သိရ ပါ သည်။ တဆက်တည်း မှာပင် ၄င်း အင်တာနက် ကဖေးဆိုင်များ မှ ကောက်ယူ ရရှိ သော စစ်တမ်း တစ်ရပ်၏ အဆိုအရ အင်တာနက် အသုံးပြု သူများ ၏ ၉၀% သည် လူငယ်များ ဖြစ်ကြပြီး အင်တာနက် ကို အသုံးချရာ တွင် အများစုမှာ ချတ်ရွမ်းများ သို့ ၀င်ရောက်ခြင်း ၊ ~Censored~ ၀ဘ်ဆိုက်များ ကို ရှာဖွေခြင်း စသည်တို့ အတွက်သာ အများဆုံး အသုံးချ လျက်ရှိကြောင်း သိရှိရပါသည်။
အရာရာ ကိုသိလိုစိတ်ဖြင့် စူးစမ်းကြသည် ကို အပြစ် ဆိုရန် မရှိပါ။သို့သော် စူးစမ်းမှု မှရရှိသော အကျိုး အပြစ်တို့ကို ခွဲခြမ်း စိတ်ဖြာ၍ အသုံးချ တတ်ရန်ကား အရေးကြီး ပေသည်။ သို့မဟုတ်က အဖိုးတန် လှသော မိမိ ၏ အချိန်နှင့် အင်တာနက် အား အကျိုးမဲ့ ဖြုန်းတီး ရာ ရောက် ပါလိမ့်မည်။
ကျွန်တော်တို့ အနေဖြင့် အင်တာနက် အပေါ်တွင် မြန်မာ လူငယ်များ ၏ အဓိပ္ပာယ် သတ်မှတ် ချက်ကို ပိုမို လေးနက် လာ စေရန် အထောက် အကူ ပေးသွားဖို့ ရည်ရွယ်ပါသည်။ အခြေခံ မှစတင်ကာ အသုံးချ ဆိုင်ရာ ပညာများ အထိ မိမိတို့ အချင်းချင်း ဖလှယ်ရင်း သင်ယူ သွားကြပါမည်။ ထိုမှတဆင့် နိုင်ငံ တကာရှိ လူငယ်များ နှင့် တန်းတူ နည်းပညာ ဆိုင်ရာများ ကို တိုးတက်စွာ လေ့လာ စူးစမ်းမှု ပြုကြမည့် နည်းပညာ ဆိုင်ရာ လက်တွေ့ အသုံးချ နေရာ တစ်ခုအဖြစ် စုပေါင်း တည်ဆောက် သွား ကြမည် ဖြစ်ပါသည်။
ဤနေရာ တွင် လူငယ်တိုင်း ၌ အရာရာ ကိုသိလို စိတ်များ ၊ လေ့လာ စူးစမ်း လိုစိတ်များ ပြည့်နှက် လျက်ရှိသည်ကို နားလည်ပြီး ဖြစ်သည့် အားလျော်စွာ ထိုသို့သော စူးစမ်း လိုစိတ်များ အတွက် မှန်ကန်သော လမ်းကြောင်း တစ်ခုကို မိမိတို့ လူငယ်များ အချင်းချင်း လက်တွဲ ခေါ်ယူသွား ကြဖို့ လိုအပ် ပါမည်။ လေ့လာမှု သည် အောင်မြင်မှု ၏ အဓိက ဇစ်မြစ် ဖြစ်သော် လည်း ထိုသို့သောေ လ့လာလို စိတ် ဖြစ်ပေါ်လာ စေရန် တွန်းအား တစ်ရပ် လို၏။ ထို တွန်းအား ကို မြန်မာ လူငယ် များ အားလုံး သို့ မြန်မာ လူငယ်များ အချင်းချင်း ထိရောက် အောင်မြင်စွာ ၊ ရင်းနှီး ပွင့်လင်းစွာ ပေးသွား ရမည့် နေရာတစ်ခု အဖြစ် သတ်မှတ် စေလိုသည်။
ဖိုရမ် မှဆွေးနွေးချက်များ
- Windows Operating Systems မှာ နောက်ဆုံး ပြောခဲ့ သူက လမ်းပြ
- phpBB မှာ မြန်မာလို ပေါ်အောင်ဘယ်လိုလုပ်ရသလဲသိချင်လို့ပါ မှာ နောက်ဆုံး ပြောခဲ့ သူက လမ်းပြ
- E-Book request မှာ နောက်ဆုံး ပြောခဲ့ သူက sithu88
- Knight Rider (2008) မှာ နောက်ဆုံး ပြောခဲ့ သူက အာဒီနဝ
- Serial & Crack Keys For Free မှာ နောက်ဆုံး ပြောခဲ့ သူက ko paw mg
- Accounting E-Book မှာ နောက်ဆုံး ပြောခဲ့ သူက wayykhun
- အဗီရာ အင်တီဗိုင်းရပ်ဆော့ဝဲလေးလိုချင်ပါတယ်ဗျာ။တင်ပေးပါ မှာ နောက်ဆုံး ပြောခဲ့ သူက thawthar
-ွကူညီကြပါ မှာ နောက်ဆုံး ပြောခဲ့ သူက tinmyoaung
- မာဃဒေ၀ ကျမ်းစာ မှာ နောက်ဆုံး ပြောခဲ့ သူက tinmyoaung
- ဒုတ်ခသည်ပါ ကူညီကြပါ မှာ နောက်ဆုံး ပြောခဲ့ သူက mttwin
How We Work
- ကနောင် သည် “ဒြပ်မဲ့အဖွဲ့” ဖြစ်သည့် အားလျော်စွာ မည်သည့် ရုံးခန်း နေရာ ထိုင်ခင်း မှ ရှိမည် မဟုတ်။ ကနောင် ရှိ အဖွဲ့ဝင် အားလုံး တို့သည် မိမိ နေထိုင်ရာ အိမ်မှ ပင် အားလုံး အလုပ်လုပ် ကြမည် ဖြစ် သည်။
- ကနောင် သည် မည်သည့် အလုပ် ကိစ္စ အတွက် မဆို အဖွဲ့ဝင် အချင်းချင်း အင်တာနက် မှ တဆင့်သာ အီးမေးလ် ဖြင့် သော် လည်းကောင်း၊ IM (Instant Messenger) များဖြင့်သော် လည်းကောင်း ဆက်သွယ် ပြောဆို ဆောင်ရွက် ပါသည်။
- ကနောင်ရှိ အဖွဲ့ဝင်များ၏ လုပ်ဆောင်ချက် များ အနေဖြင့် မည်သည့် အချိန်တွင် ပြီးသည် အစား ၊ မည်သည့် အရာပြီး မြောက် သည် ဆိုသည် ဖြင့်သာ သတ်မှတ် ပါသည်။ အဘယ်ကြောင့် ဆိုသော် အရှေ့၊ အနောက် ကမ္ဘာအနှံ့အပြား နေထိုင်ကြသည့် အဖွဲ့ဝင်များ အနေဖြင့် အချိန် သတ်မှတ်ချက် ဖြင့် အလုပ်ပြီး မြောက် ခြင်းအား တိုင်းတာ သတ်မှတ် ရန် ခက်ခဲခြင်း ကြောင့် ဖြစ်သည်။
- “ကနောင်” ရှိအဖွဲ့ဝင် အချင်းချင်း အချိန်ပြည့် ဆက်သွယ်မှု ရရှိ စေရန် စနစ် တစ်ခု အား လည်း အသင့် တည်ဆောက် ထား ပြီး ဖြစ်သည်။
- မည်သည့် အလုပ် ကိစ္စ (Projects) အတွက် မဆို “ကနောင်” ရှိ အပိုင်း လိုက် အသီးသီး တာဝန်ယူ ထား သူများ ၏ စုပေါင်း ဆုံးဖြတ်ချက် ဖြင့် အကောင်းဆုံး ဖြစ်အောင် စုပေါင်း ဆောင်ရွက် ကြပါ သည်။
| WordPress ဆိုတာဘာလဲ။ |
|
နိဒါန်း ၀ါ့ဒ်ပရက်စ် ကို Matt Mullenweg က ၂၀၀၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ သူ့ရဲ့ ဘလော့ဂ် မှာရေးသားချက်အရ Matt ဟာ အဲဒီကာလတုန်းက ရှိတဲ့ Blogging Platform B2|Cafelo ကိုသုံးစွဲရမှု အပေါ်မှာ စိတ်ကျေနပ်မှု မရှိတဲ့ အတွက် ကိုယ်တိုင် Blogging Platform တစ်ခုကို လူအားလုံး အလွယ်တစ်ကူနဲ့ စွမ်းအင်အပြည့် အသုံးချနိုင်အောင် စတင်ရေးသားဖို့ ကြံစည်ရာက နေ WordPress ကို မွေးဖွားလာခဲ့တယ်လို့ ဆိုပါတယ်။ WordPress ကိုစတင်တည်ထောင်စဉ်က အသက် ၁၈ နှစ်သာရှိသေးတဲ့ Matt ဟာ အသက် ၂၂- အရွယ်အရောက် ၂၀၀၇ -ဇန်န၀ါရီ မှာတော့ PCWorld မဂ္ဂဇင်းရဲ့ အင်တာနက်တခွင် အရေးအကြီးဆုံး လူသား (၅၀) စာရင်း မှာ နံပါတ် (၁၆) အဖြစ် နှင့် အသက်အငယ်ဆုံး အောင်မြင်သူတစ်ဦးအဖြစ်ပါ သတ်မှတ် ရွေးချယ်ခံရပါတယ်။ WordPress ဆိုတာ ၀ါ့ဒ်ပရက်စ် ကို WordPress.Com မှာ အကောင့်ထ် တစ်ခုလုပ် ခြင်းဖြင့် သော်လည်းကောင်း (Blogger.com ကဲ့သို့) ၊ ကိုယ်ပိုင် Premium Hosting ဒါမမဟုတ် Free Hosting တွေမှာ သော်လည်းကောင်း လွတ်လပ်လွယ်ကူစွာ အခမဲ့ ရယူအသုံးပြုနိုင်ပါတယ်။ဖြန့်ချီပြီးခဲ့သမျှ ၀ါ့ဒ်ပရက်စ် ဗားရှင်းတွေကို ဒီနေရာ မှာ လေ့လာဖို့ အတွက် သော်လည်းကောင်း၊ သုံးစွဲဖို့ အတွက် သော်လည်းကောင်း ရယူနိုင်ပါတယ်။ အနည်းဆုံး လိုအပ်ချက် ၀ါ့ဒ်ပရက်စ် ကို ကိုယ်ပိုင် Hosting တစ်ခုခုမှာ အသုံးပြုမည့် သူများအတွက် အနည်းဆုံး အနေဖြင့် အောက်ပါ အချက်များလိုအပ်ပါတယ်။ ၁။ PHP version 4.2 နှင့်အထက် ၂။ MySQL version 4.0 နှင့်အထက် ဒီနေ့ ဒီအချိန်မှာ များသောအားဖြင့် Web Hosting အများစုဟာ PHP နှင့် MySQL တို့ကို version 5 အထိ အဆင့်မြှင့်ထားကြပြီးနေပါပြီ။ အကယ်၍ မိမိ အသုံး ပြုနေတဲ့ Hosting Services က WordPress အသုံးပြုနိုင်လောက်အောင် PHP နှင့် MySQL ကို အဆင့်မြှင့်ပေးမထားသေးရင်လည်း သူတို့ ထံကို အကြောင်းကြား တောင်းဆိုသင့်ပါတယ်။ အသုံးပြုခွင့်လိုင်စင် ၀ါ့ဒ်ပရက်စ် ဟာ OpenSource Software တစ်ခုဖြစ်တာနဲ့ အညီ စိတ်ပါဝင်စားသူ မည်သူမဆိုက ထပ်မံဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်နိုင်၊ အခမဲ့ အသုံးပြုနိုင်ပြီး မည်သူမဆို အခမဲ့ရယူ အသုံးပြုနိုင်ပါတယ်။ ဖြန့်ချီတဲ့ လိုင်စင်အမျိုးအစားကတော့ GPL လိုင်စင်အမျိုးအစား ဖြစ်ပါတယ်။ References; WikiPedia , WordPress.ORG, PCWorld, Photo Matt
|

